Tuesday, July 10, 2012

အရိပ်သေ

အိမ်မက်တွေတစ်လှေလုံး ကျရှုံး
ဒဏ်တွေအခမ်းနားဆုံးနဲ့
ငါ့ရင်ခွင်ဟာ တစ်ခါနွမ်းရင်
လွမ်းချင်းတွေပဲ ထွက်ကျတတ်တယ်
အရှေ့နေထွက်တိုင်း အနောက်နေ၀င်တိုင်း
လေပြေလိုဆွတ်သင်းတဲ့ ခံစားချက်ပြင်းပြင်းတွေသာ
သတိရခြင်း၊ ရထားစင်း (ရထစင်း)နဲ့ သယ်ယူ
သူမဆိုတဲ့ဘူတာမှာ ဆိုက်ရောက်နေကျ ….
အချိန်ရှိသရွေ့ အရှုံးရဲ့ဝတ်ရုံကို လွှမ်းခြုံ
စိတ်အလံကို လှဲဖြို (ခယလိုမှုသက်သက်နဲ့)
တခါတခါတော့လည်း အမုန်းခံရရုံအပြင်
ဘာရှိသေးလဲ
နောက်ဆုံးမှာ …………
ငါ့ကိုသတ် ငါ့ရင်ဘတ်ကိုသာ
လွမ်းတတ်အောင် ချန်ထားပေးခဲ့
ဒါဟာ သူရူးတစ်ယောက်ရဲ့
မော်ဖူးခွင့်မရတဲ့ ဆက်သခြင်းလဲဖြစ်တယ် ….
နှုတ်ဆက်တေးသွားလေးရေ …..
ဒီဘ၀သေကို ဖြတိနင်းခံဖို့လောက်သာ
ငါတတ်နိုင်ခဲ့ပါတယ်ကွယ် ….. ။

0 comments:

Post a Comment