Ads 468x60px

Featured Post

Wednesday, July 18, 2012

Angry.Birds.Rio.v1.1.1


Angry.Birds.Rio.v1.1.1 33.52Mb



ယနေ့ခေတ်စားနေတဲ့ Angry Bird Game ကို ကစားပြီးအပြင်းပြေစေဖို့ အတွက်ပါ ။
ခရက်ဖိုင်ပါထည့်ပေးလိုက်ပါတယ် မည်သည့် Window Os နဲ့ မဆိုကစားလို့ ရပါပြီ။

ကစားရင်းအပျင်းပြေကြပါစေဗျာ။

Friday, July 13, 2012

I Screen Recorder 8.0.1.12


I Screen Recorder 8.0.1.12 | 2.62 MB



i Screen Recorder is a powerful, yet full-featured screen record tool that allows you to easily capture and annotate anything on the screen including windows, objects, menus, full screen, rectangular/freehand regions and even scrolling windows/web pages, and save the images in BMP or JPG formats. It also allows you to capture video or image from DV and TV Tuner, and Other Device, and browse or edit recorded media files.



Description: http://i1228.photobucket.com/albums/ee457/komyatblog/ziddu.png

Description: http://i1228.photobucket.com/albums/ee457/komyatblog/mediafire.gif

--

Tuesday, July 10, 2012

ထွက်ခွါသွားသော ပုဝါတစ်စ

.. ကောင်မလေးရေ ...
နင်မရှိတော့တဲ့
ည နဲ့ နေ့
မေ့မေ့ပျောက်ပျောက်ဖြစ်ချင်ပေမယ့် 
.. လွမ်းတယ် ..

အဖြူရောင်တွေ ထွေးထွေးပွေ့ပွေ့
.. နင် နဲ့ ငါ ..
ချစ်ခြင်းတွေ အရောင်တွေဆိုးလိုက်ကြပုံများ
ကောင်းကင်တွေမည်း မိုးတွေသည်း
ငါတို့ အိမ်မက်ဆိုတာလဲ ထပ်တူပါပဲ
.. အလဲလဲ အကွဲကွဲ ..

အသိုင်း နဲ့ အ၀ိုင်း
မှုံ မှိုင်း မှိုင်း ... စိတ်ဓါတ်တွေရဲ့ နောက်
ကြိုးပြတ်ကျသွားတဲ့ စကားလုံးတွေ ဘေး
ကျိုးပြတ်ကျသွားတဲ့ ငါတို့ ချစ်ခြင်းတွေ
.. ဘာတွေနဲ့ အစားထိုးမလဲ ..
ဘာတွေနဲ့ ဂုဏ်ပြုဦးမှာလဲ

.... မျက်ရည်တွေရယ် ခါးလွန်းပါတယ် ....

ခပ်မြဲမြဲ ဆုပ်ကိုင်ထားတာတောင်
အဝေး ထိ လွင့်ပါသွား ...
နင်ဟာ ငါ့အတွက်
မျက်ရည်တွေပြည့်နေတဲ့ အဖြူရောင် ပုဝါတစ်စ

ဖြစ်သလိုတောင် မမက်ချင်တော့တဲ့
အိမ်မက်တွေကို ညတွေနဲ့အတူ
အမှောင်ချ
တိုးတိုးလေးပါပဲ တစ်ယောက်တည်း

ကောင်မလေးရေ
နင် နဲ့ ငါ ချစ်ခဲ့တာ
လွဲလွဲ မှားမှား မဟုတ်ခဲ့ပေမယ့်
လွမ်းလွမ်း ခါးခါး နဲ့ …………….

အရိပ်သေ

အိမ်မက်တွေတစ်လှေလုံး ကျရှုံး
ဒဏ်တွေအခမ်းနားဆုံးနဲ့
ငါ့ရင်ခွင်ဟာ တစ်ခါနွမ်းရင်
လွမ်းချင်းတွေပဲ ထွက်ကျတတ်တယ်
အရှေ့နေထွက်တိုင်း အနောက်နေ၀င်တိုင်း
လေပြေလိုဆွတ်သင်းတဲ့ ခံစားချက်ပြင်းပြင်းတွေသာ
သတိရခြင်း၊ ရထားစင်း (ရထစင်း)နဲ့ သယ်ယူ
သူမဆိုတဲ့ဘူတာမှာ ဆိုက်ရောက်နေကျ ….
အချိန်ရှိသရွေ့ အရှုံးရဲ့ဝတ်ရုံကို လွှမ်းခြုံ
စိတ်အလံကို လှဲဖြို (ခယလိုမှုသက်သက်နဲ့)
တခါတခါတော့လည်း အမုန်းခံရရုံအပြင်
ဘာရှိသေးလဲ
နောက်ဆုံးမှာ …………
ငါ့ကိုသတ် ငါ့ရင်ဘတ်ကိုသာ
လွမ်းတတ်အောင် ချန်ထားပေးခဲ့
ဒါဟာ သူရူးတစ်ယောက်ရဲ့
မော်ဖူးခွင့်မရတဲ့ ဆက်သခြင်းလဲဖြစ်တယ် ….
နှုတ်ဆက်တေးသွားလေးရေ …..
ဒီဘ၀သေကို ဖြတိနင်းခံဖို့လောက်သာ
ငါတတ်နိုင်ခဲ့ပါတယ်ကွယ် ….. ။

"ထူးခြားအံ့သြဖွယ်ဆံတော်ရှင်ကျိုက်ထီးရိုးနှင့်ပုံတူကျောက်တုံးတော်ကြီး"


နေပြည်တော်ရှိ တောတွင်းတစ်နေရာတွင် ဆံတော် ရှင်ကျိုက်ထီးရိုး ဘုရားနှင့်ပုံစံတူသော ထူးခြား အံ့ဘွယ် ကျောက်တုံးကြီး သတင်းမှာ ရန်ကုန်မြို့ပေါ်သို့ ယခုရက် ပိုင်းအတွင်း စတင်နာမည်ကြီးလာပါသည်။ နေပြည် တော်နှင့် အတော် လှမ်းသော ရွှေပြည်သာ ရွာတွင်ရှိ သည်ဟုကြားသိရသည်။
အဆိုပါထူးခြား ကျောက်တုံးကြီးမှာ နေပြည်တော် အနီးတစ်ဝိုက်ရှိ မြို့လေးများသို့ပါ အချိန်တိုအတွင်း ပျံ့နှံ့ သွားခဲ့ပြီးနေ့စဉ်ဘုရားဖူးလာရောက်သူများဖြင့် စည်ကားလျက်ရှိနေကြောင်းကြားသိရချိန်တွင် မြန်မာ ပို့စ်သတင်း ဂျာနယ်ပရိသတ် အတွက် အဆိုပါကျောက် တုံးကြီးရှိရာ ဒေသသို့ သွားရောက် ကွင်းဆင်းလေ့လာ ဖြစ်ခဲ့ပါသည်။
နေပြည်တော် ပျဉ်းမနားမြို့မှ အဆိုပါ ရွှေပြည်သာ ရွာသို့ မည်သို့ မည်ပုံ သွားရောက်ရသည်ကို ပထမဦးစွာ စုံစမ်း ရသည်။ အိုင်တီ လက်ဖက်ရည်ဆိုင် သို့ရောက်ရှိ လာသော နေပြည်တော် တွင်တာဝန်ထမ်းဆောင် လျက်ရှိ သည့်ရဲမှူးကြီး တစ်ဦးကို စတင်မေးမြန်းရပါ သည်။ အဆိုပါ ရဲမှူးကြီးထံမှ တစ်ဆင့် ထိုသတင်း တိကျ မှန်ကန်ကြောင်း အတည်ပြုချက် ရရှိပြီးနောက် အဆိုပါ ကျောက်တုံးကြီး တည်ရှိရာသို့ အိပ်မက်အရ လမ်းကြောင်း သိရှိပြီး သွားရောက် ရှာဖွေခဲ့သော ဆရာတော်နှင့် ဆရာတော်၏ ဒါယိကာ၊ ဒါယိကာမ များထံ ဆက်သွယ် စုံစမ်းခြင်း၊မေးမြန်းခြင်း များပြုလုပ် ပြီးနောက် အဆိုပါ ရွှေပြည်သာရွာသို့ မြန်မာပို့စ် သတင်းဂျာနယ် အဖွဲ့ခရီးဆက်လက်ထွက်ခွာခဲ့ပါသည်။
အချို့က ဒီနေ့နေ့ချင်းပြန် ခရီးကအဆင်မပြေနိုင်၊ နောက်တစ်နေ့မှ ခရီးထွက်ရန်ပြောသည်။ ယခု ၁၀ နာရီကျော် နေပြီဖြစ်၍ခရီးထွက်ရန် အဆင်မပြေနိုင်၊ မြစ်ကိုဖြတ်ကူး၍ သွားရသော လမ်းမှဆိုလျင် မြန်နိုင် ကြောင်း လည်း ၀ိုင်းဝန်းအကြံပြုကြသည်။
နေပြည်တော် ပျဉ်းမနားမြို့အထိမ်း အမှတ်တစ်ခု ဖြစ်သော ဆင်ရုပ်မှတ်တိုင် အနီးရှိအိုင်တီ လက်ဖက်ရည် ဆိုင်မှ စတင်၍ အဆိုပါ ခရီးစဉ်ကိုစတင်ခဲ့ ရသည်။ မည် သို့ပင်ဖြစ်စေ အဆိုပါ ခရီးစဉ်ကို မရောက်ရောက် အောင် သွားရမည်ဖြစ်ခြင်းကြောင့်နေ့ချင်းပြန် ခရီးစဉ် စတင် အကောင်အထည် ဖော်ခဲ့ရသည်။
အသွားလမ်းမှာ မိုးရာသီဖြစ်၍ အလွန်ပင်ကြမ်း တမ်းသည်။ ဆိုင်ကယ် ကယ်ရီသမားများက ပေါင်း လောင်း ရေလွှဲဆည်အထိသာလိုက်ပို့၍ ရမည်။ ကျန် သော ခရီးလမ်းကို ခြေလျှင် ချီတက်မှရမည်ဟု ဆိုပါ သည်။ အနီးဆုံး နေရာသို့ လိုက်ပို့ပေးရန် ညှိနှိုင်းကြပြီး နောက် ခရီးထွက် ခဲ့သည်။ နာမည်ကျော် ပျဉ်းမနား သကြားစက် ကိုကျော်လွန်ပြီးသည့် နောက် အတော် လေးကိုမောင်းပြီးမှ ပေါင်းလောင်း သို့ရောက်သည်။ ကျန်သော ခရီးစဉ်အတွက်ကိုမူ နေပြည်တော် ဒေသခံ ဆိုင်ကယ် ကယ်ရီသမားများက သူတို့လည်း အဆိုပါ ကျောက်တုံးကြီး ဆီသို့မသွားရသေး ဖူးမြော်ချင်သည်ဟု ဆိုကာ ဆက်လက် လိုက်ပါပို့ဆောင် ပေးသည်။ ခရီး လမ်းမှာ ဆိုင်ကယ်ကယ်ရီသမား တို့အတွက် အလွန်ပင် ခက်ခဲကြမ်းတမ်း သော်လည်း မရရအောင် လို့ပို့ပေးကြ သည်။ အမှန်တကယ်တွင် အဆိုပါ ကယ်ရီသမားတို့ အပင်ပမ်းခံ လိုက်မပို့ပါက ညမိုးချုပ်သည့် တိုင်အောင် ကျောက်တုံးကြီးဆီသို့ ရောက်နိုင်မည် မဟုတ်ပါ။ ကျေး ဇူးများ စွာတင်ရှိကြောင်း မှတ်တမ်းတင် အပ်ပါသည်။
ဘုရားတောင်ခြေနှင့် အတော် နီးသောနေရာ အထိ လိုက်ပို့ကြပြီး နောက်တော လမ်းခရီးကိုဆက်ခဲ့ သည်။ နံနက် ၁၀ နာရီဝန်းကျင်မှ စတင်ကာ ခရီး ဆက် ခဲ့သော အဆိုပါ ကျောက်တုံးကြီးခရီးစဉ်မှာ မွန်း လွဲ ၁ နာရီဝန်းကျင် တွင်အဆုံးသတ် ခဲ့ပြီးနောက် ရောက် ရှိခဲ့ လေတော့သည်။
ဘုရားဝန်း ကျင်တွင် လာရောက် ဖူးမြော်သူများ လည်းရှိ နေသည်။ တောင်ပေါ် အတက်တွင်လည်းပြန် ဆင်းသွားကြသူ တို့နှင့်လည်းဆုံ တွေ့ခဲ့ရသည်။
ကျောက်တုံးကြီးမှာ ကား အမှန်တကယ်ပင် ဆံတော်ရှင် ကျိုက်ထီးရိုးသို့သွား ရောက်ရာ ခရီးစဉ်နှင့် ဆင်ဆင်တူ သကဲ့သို့ ကျောက်တုံးကြီး အနေအထားမှာ လည်း ပုံတွင်မြင်တွေ့ရသည့် အတိုင်း များစွာ ဆင်တူ နေပါသည်။ ကျောက်တုံးကြီး ပတ်ပတ်လည်တွင် ဘုရား ဖူးသူတို့ရောက်ရှိနေပါသည်။
ဒေသခံရွာ သား ကိုဖိုးပြားက အဆိုပါ ကျောက်တုံး ကြီးအနီးရှိ ထူးခြားချက်များကို လိုက်လံပြသ ပါသည်။အနီးနားရှိအခြား သော အရံ ကျောက်တုံးကြီးများပေါ် တွင် လူကြီးတစ်ဦး ၏ခြေရာ ထက်ပင်ကြီးနိုင်သော ခြေရာကြီး တစ်ခုနှင့် ကလေးငယ် တစ်ဦး၏ခြေရာတို့ကို လိုက်လံပြသ ပေးသည်။ ယင်းအရံ ကျောက်တုံးကြီးပေါ် တွင်ပင် တစ်စုံတစ်ခုသော မှတ်သားထားသည့် အရာတို့ ရှိနေပြန်သေးသည်။
“ဒီအမှတ်အသားကတော့ သဘာဝအတိုင်းပေါ် ပေါက်နေတာ မဟုတ် လောက်ပါဘူး။ တစ်စုံတစ် ယောက် က မှတ်သားထား တဲ့ပုံစံမျိုးပါ။ ရေးထားတာ ကလည်း ဘာစာ လည်းဆိုတာ ကျွန်တော်တို့ အနေနဲ့ မသိနိုင်ပါဘူး။ သမိုင်းကို လေ့လာတဲ့သူ၊ ရှေးဟောင်း စာပေတတ် ကျွမ်းတဲ့သူတွေ လာပြီးလေ့လာနိုင်ရင် တော့ အကောင်းဆုံးပါပဲ” ဟု ဒေသခံရွာသား ကိုဖိုးပြား ကပြောသည်။
“ကျွန်တော်တို့ ဒီဒေသခံတွေအနေနဲ့ ဒီကျောက် တုံးကြီးကို အားစမ်း တဲ့အနေနဲ့ တွန်းချကြသေးတယ်။ ဘယ်လိုမှ မကျဘူး။ တည်နေပုံ ကလည်းထူးခြားတယ်။ တွန်းချတယ် ဆိုတာတောင် ဒီအတိုင်း လူချည်း သက် သက်အားနဲ့တွန်းချတာ မျိုးမဟုတ်ဘူး၊ ကုတ်နဲ့ ကော် ချတာ။ ကုတ်နဲ့ ကော်တယ်ဆိုတာက ကုတ်တစ်ချောင်း ကို လူငါးယောက် အားနဲ့ညီမျှတယ်ဗျ။ သုံးယောက် ပေါင်း ဆိုတော့ လူဆယ့်ငါးယောက် အားလောက် ရှိတယ်။ ကျောက်တုံးကြီး ဆိုတာ ယမ်းခါ နေပေမယ့် ဘယ်လိုမှ ပြုတ် မကျသွားဘူး” ဟုကိုဖိုးပြားက ဆက် လက် ပြောပြသည်။
လူသူ အရောက်အပေါက်နည်းသော အဆိုပါ ကျောက်တုံးကြီး တည်ရှိရာနေရာ သွားရာလမ်းကို ကျိုက် ထီးရိုးဘုရား လမ်းဟု သာခေါ်ဆိုကြကြောင်း ရွာခံများ ကပြောသည်။ ကျောက်တုံးကြီးနှင့် ခပ်လှမ်းလှမ်း တွင် စမ်းချောင်းငယ် တစ်ခု၏ တသွင်သွင် စီးဆင်းနေသံကို လည်း ကြားရ သဖြင့်သွားရောက် ကြည့်ရှုခဲ့ကြပါသည်။ ကြည်လင်အေးမြသော စမ်းရေကြောင့် ပင်ပမ်းမှုအား လုံးပြေ ပျောက်သွားရသကဲ့ သို့ခံစားရသည်။
အဆိုပါ ထူးခြားဆန်းပြားသော ကျောက်တုံးကြီး သတင်းမှာ နေပြည်တော် ၀န်းကျင်တွင် ပျံ့နှံ့လျက်ရှိပြီး ယခုအခါ အနီးနား ပတ်ဝန်းကျင်ဒေသများမှသူများ နေ့စဉ် လာရောက်ဖူးမြော် ကြကြောင်း၊ စနေ၊ တနင်္ဂနွေ နေ့များတွင် အဆိုပါ ကျောက်တုံးကြီးကြီးဆီသို့ လာ ရောက်လေ့လာ သူများအဆင်ပြေစေရန် ကားတစ်ချို့ ပြေးဆွဲ ပေးနေကြောင်းလည်း သိရသည်။
ကျောက်တုံးကြီး ၏ နာမည်သတင်း ကျော်ဇောမှု ကြောင့် ယခုအခါ တွင်သက်ဆိုင်ရာ မှစာတစ်စောင် ရောက်ရှိ လာပြီး အဆိုပါ ကျောက်တုံးကြီးကို နဂိုမူလ အတိုင်း ထိမ်းသိမ်းပေးထား ရန်နှင့် စေတီဘုရား တည် ခြင်းအမှု တို့ကို လူကြီးများ ကိုယ်တိုင် လာရောက်စစ် ဆေးပြီး စေတီ ဘုရား တည်ခွင့်ပြု မည်ဖြစ်ကြောင်း အကြောင်းကြား စာပို့ထားသည်ဟုသိရသည်။
“ ကျွန်တော် တို့ကတော့ သက်ဆိုင်ရာ ကလာစစ် ဆေးမယ်၊ ဘာမှ မပြုမပြင်ဘဲ ထားရှိပေးရမယ် ဆိုတော့ အခုဘုရား တည်မယ့် ကျောက်တုံးကြီး ပတ်ပတ်လည်မှာ ရွှေချဖို့ အတွက် ခံဆေး သုတ်ထားတာ ကိုရပ်ထားပါ တယ်။ လာတဲ့သူတွေ ကများများလာတာ ကြောင့် ကျွန် တော်တို့ရှိ တဲ့ဒေသခံတွေနဲ့ လာရောက် တဲ့သူတွေ အဆင်ပြေအောင် လမ်းပြင်ပေးတာတွေ၊ လမ်းညွှန် ဆိုင်း ဘုတ်တွေ လမ်းဆုံ လမ်းခွတွေမှာ လိုက်ပြီး စိုက်ထားပေး တာတွေ ကိုတော့လုပ်ပေး ပါတယ်။ ဘုရား တည်တာက တော့ ဒီဝါကျွတ်ပြီး သီတင်းကျွတ် ရောက်ရင်တော့ တည်ဖြစ်မယ် လို့မျှော်လင့်ထား ပါတယ်” ဟုအဆိုပါ ကျောက်တုံးကြီး တည်ရှိရာအနီးမှ ဒေသခံရွာ ရွှေပြည် အေးကျေးရွာ ၊ ဘာသာရေးနှင့်လူမှုရေး ဥက္ကဋ္ဌ ဦးမြင့် ဟန်က ပြောကြားသည်။
ထူးခြားဆန်းပြားပြီး အံ့သြဖွယ်ရာကောင်းသော၊ မမြင်ရ သော်လည်း လူပြော သူပြောများနေသည့် ထူး ခြား ဆန်းပြားမှုမျိုးစုံရှိနေသည့် အဆိုပါကျောက်တုံးကြီး ပေါ်တွင်အမြန်ဆုံး ဘုရားတည်နိုင် စေရန်ကိုမူ ဒေသခံ ရွာသူ ရွာသားများ၊ အနီးနား ပတ်ဝန်းကျင်ရွာများမှ လာရောက် ဖူးမြော် လေ့လာကြသူတို့က မျှော်လင့် လျက် ရှိနေကြပါသည်။ မြန်မာပို့စ် သတင်းဂျာနယ်အဖွဲ့အနေ ဖြင့်လည်း မည်သို့ပင်ဖြစ်စေ ကာမူ ထူးခြား ဆန်းပြား သော အဆိုပါ ကျောက်တုံးကြီးဆီသို့ ခက်ခက်ခဲခဲ ရောက်ရှိ ခဲ့ချိန်တွင် လွန်စွာမှ ၀မ်းမြောက် ၀မ်းသာဖြစ် ရပြီး၊ စာဖတ်ပရိသတ် တို့ထံ အချိန်မီ တင်ပြခွင့်ရရှိသည် ကို ပိုမို၍ ပီတိဖြစ်ရပါသည်။
အဆိုပါ ကျောက်တုံးကြီး ပေါ်တွင် စေတီဘုရား တည်ခွင့်ကို ထူးခြားသော အိပ်မက်အရ လမ်းကြောင်း ရှာဖွေ တွေ့ရှိခဲ့သော ဆရာတော်နှင့် တပည့်၊ ဒါယိကာ၊ ဒါယိကာမများ တည်ထား ခွင့်ရမည်လား၊ နိုင်ငံတော်မှ ဦးစီး ဦးဆောင်ပြု၍ တည်ထား ကိုးကွယ်မည် လားဆို သည်ကိုမူ မည်သူမျှ မသိရှိရသေးပါ။
လာမည့် သီတင်းကျွတ် ကာလအရောက်တွင် ယခု ကတည်း ကနာမည်ကျော်ကြား နေသော ဆံတော်ရှင် ကျိုက်ထီးရိုး ပုံစံတူကျောက်တုံးကြီး ပေါ်၌ စေတီတော် တစ်ဆူ ပေါ်ထွန်းလာ တော့မည်ဟု မျှော်လင့် ရပါသည်။
http://www.facebook.com/nwayoo.maungmaung

နတ်ဆိုး

မြန်မာနဲ့ အမေရိကန် ပြည်ထောင်စုတို့ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးကို အရှိန်တိးု့မြှင့်ဖို့အတွက် အမေရိကန် အစိုးရက အဆင့်မြင့်အရာရှိ နှစ်ဦးကို မြန်မာနိုင်ငံကိုစေလွှတ်ဖို့ရှိ

မြန်မာနဲ့ အမေရိကန် ပြည်ထောင်စုတို့ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးကို အရှိန်တိးု့မြှင့်ဖို့အတွက် အမေရိကန် အစိုးရက အဆင့်မြင့်အရာရှိ
နှစ်ဦးကို မြန်မာနိုင်ငံကိုစေလွှတ်ဖို့ရှိတယ်လို့သိရပါတယ်။


အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Robert Hormats နဲ့ နိုင်ငံတကာ
ကုန်သွယ်ရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Francisco Sanchez တို့ဟာ လာမယ့် စနေနဲ့တနင်္ဂနွေနေ့တွေမှာ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးကို စီးပွားရေးမြှင့်တင်ခြင်းဖြင့် ကူညီထောက်ပံ့ဖို့အတွက် သူတို့ နှစ်ဦးဟာ နေပြည်တော် နဲ့ စီးပွားရေး
မြို့တော်ရန်ကုန်ကိုသွားရောက်မှာဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး
ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

သူတို့နှစ်ယောက်ဟာ မြန်မာနိုင်ငံခရီးစဉ်အပြီးမှာအမေရိကန်နဲ့အရှေ့တောင်
အာရှနိုင်ငံများအကြား ကုန်သွယ်ရေး တိုးမြှင့်မှုဆွေးနွေးပွဲကို တက်ရောက်မယ့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့မှာ ပူးပေါင်း
ပါဝင်ကြမှာဖြစ်ပါတယ်။
(Photo: AFP- စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Robert Hormats)

"သေဆုံးနေတဲ့ မန္တလေးမြို့ (၁)"

(သွယ်ဝိုက်ပြီး ငါလေမပြောချင်… ဗမာ့သမိုင်းများစွာ၊ စောင့်ထိန်းခဲ့ရာ… ကျနော် မွေးခဲ့တဲ့မြို့ မရှိတော့ပါ…။)
လူတော်တော်များများ ကြားဖူးလိမ့်မယ်ထင်တယ်။ ရန်ကုန်က ဒီနေ့နာမည်ကြီးတဲ့ အဆိုတော်တွေထဲက တယောက်ဖြစ် တဲ့ လင်းလင်း၊ ရေး-ဆိုထားတဲ့ မန္တလေးမြို့သေဆုံးခြင်းဆိုတဲ့ သီချင်းလေး။


လွန်ခဲ့တဲ့လကမှ အင်တာနက်ကတဆင့် ပျံ့နှံ့ပေါ်ထွက်လာလို့ ကျနော်လည်း ကြားလိုက်တာပါ။ မန္တလေးရဲ့ အစဉ်အလာ သမိုင်းကြောင်းတွေးရင် ရှက်နေမိတဲ့အကြောင်း၊ အရှေ့ဘက်က ဘာသာစကားမတူ၊ အသားဖြူဖြူလူတွေနဲ့ တစိမ်းတွေ ကြား ဖုံးလွမ်းနေကိုယ့်ရဲ့ဇာတိအစစ်အမှန်မန္တလေးမြို့ကြီး သေဆုံးသွားပါပြီလို့ ရင်နာနာနဲ့ ဟစ်ကြွေးထားတဲ့ သီချင်း လေးပါ။

ဘယ်သူတွေလည်း.. ဒီမြို့ထဲမှာ.. ဟိုးအရှေ့ရပ်က.. အိမ်နီးချင်းတွေ..၊ မျက်လုံးမှေးမှေး.. အကြည့်နဲ့ပါ။ မေးခွန်းများစွာ ငါလေတွေးရင်း၊ သမိုင်းကြောင်းများစွာ ငါလေမေးရင်း.. နား ၂ ဖက်ချည်းပိတ်နေမိ၊ တစိမ်းတွေနဲ့ ဆုံတွေ့နေတဲ့ ငါတို့ရဲ့ မန္တလေးမြို့ သေဆုံးခြင်း…

မန္တလေးမြို့ဟာ နှစ်ပေါင်း ၁၀၀ ကျော် အင်္ဂလိပ်လက်အောက်မှာကျခဲ့ပေမဲ့ ကိုယ့်ယဉ်ကျေးမှု၊ စာပေနဲ့ ဘာသာစကားက ဒီဘက်ခေတ်မှာလို ခြိမ်းခြောက်တာမခံခဲ့ရပါဘူး။ ကိုလိုနီခေတ်ကတည်းက မန္တလေးမှာ အထင်ကရရှိတဲ့ ရှေးဟောင်း ဈေးချိုရုံတော်ကြီးကို န၀တ ဗိုလ်ချုပ်ထွန်းကြည် လက်ထက်ကဖျက်လိုက်ပြီး သူတို့ပြောတဲ့ ခေတ်မီ ၆ ထပ်ဈေးကြီး ဆောက်လိုက်တော့ ပထမဆုံးပေါ်လာတဲ့ဆိုင်းဘုတ်ဟာ တရုတ်ဆိုင်းဘုတ်ပဲ ဖြစ်ပါတယ်။ နှစ်ပေါင်း ၁၀၀ ကျော် အုပ်စိုး ခဲ့တဲ့ အင်္ဂလိပ်စာထက် တရုတ်စာကပိုကဲလာပါတယ်။အင်္ဂလိပ်ဆိုင်းဘုတ်ထက် တရုတ်ဆိုင်းဘုတ်က ပိုများသွားပါတယ်။
တချိန်က ဘုံကျောင်းတွေမှာပဲ မြင်ရတဲ့ တရုတ်စာနဲ့ ဆိုင်းဘုတ်တွေဟာ ဒီနေ့မန္တလေးမြို့လည်အနှံ့ လက်ညှိုးညွှန်ရာ၊ မျက်နှာမူရာတိုင်း တွေ့နေရပါပြီ။ မြန်မာစာ မြန်မာစကားထက်၊ တိုင်းတပါးစာပေ၊ စကားတွေက ပိုပြီးတန်ဘိုးကြီးမားသ ယောင် ဖြစ်နေပါပြီ။

မန္တလေးယဉ်ကျေးမှုနဲ့ သမိုင်းဆိုင်ရာတွေ ရေးသားလေးရှိတဲ့ စာရေးဆရာဆူးငှက်က မန္တလေးက တရုတ်စာပေယဉ်ကျေး မှုကြီးစိုးလာပုံကို ခုလိုရှင်းပြပါတယ်။ “အဲနောက်ပိုင်းတော့ မန္တလေးလိုနေရာမျိုးမှာ စီးပွားရေးအရရော၊ တရုတ်ရဲ့ လွှမ်း မိုးမှုတွေ များလာတာပေါ့ တရုတ်စာသင်ကျောင်းတွေပေါ့ဗျာ… တရုတ်စာသင်ကျောင်းတွေ။ ဗမာကမွေးတဲ့ ဗမာကလေး စစ်ကိုတောင်မဖြစ်မနေတရုတ်ကျောင်းပို့တဲ့အထိတွေ ဖြစ်လာတယ်။ အလားတူပဲ အလုပ်ခေါ်တဲ့ နေရာတွေမှာ တရုတ် စကားပြော တတ်ရမယ်ဆိုတဲ့အထိ လွှမ်းမိုးမှုတွေကများလာတယ်။ တဖက်က ဗမာစာအားနည်းမှုတွေ ပြန်ကြည့်မယ် ဆိုရင်လည်း၊ မန္တလေးမှာ နိုင်ငံတကာကျောင်းတွေရှိတယ်၊ ပိုက်ဆံရှိတဲ့ကလေးတိုင်းကို အဲဒီကျောင်းတွေမှာ ထားတယ်။ အဲဒီကျောင်းတွေက ဗမာစာမသင်ဘူး ဒီတော့ ပြည်တွင်းမှာနေတဲ့ ကလေးတွေတောင် ဗမာစကား ဗမာစာတတ်ဘို့က ခဲယဉ်းသွားပြီ။ ဆိုတော့ ဒီကလေးကလည်း နိုင်ငံတကာကျောင်းသွားမယ်။ ပြီးတော့တခါ တရုတ်စာသင်အုံးမယ်ဆိုရင်
စဉ်းစားသာကြည့်ပေါ့။ မြန်မာစာ မြန်မာစကား ကြာရင် ဘာမှကို ကျန်တော့မှာမှုတ်တော့ဘူး။

ကျနော်အခုနေထိုင်နေတဲ့ နော်ဝေးနိုင်ငံအပါအ၀င်၊ဥရောပနိုင်ငံတွေမှာ နိုင်ငံစုံက၊လူမျိုးစုံဘာသာစုံ၊အရောင်အသွေးစုံလာရောက်အခြေစိုက်နေထိုင်တာတွေရှိပါတယ်။ ဒါပေမဲ့ သက်ဆိုင်ရာနိုင်ငံရဲ့ စာ၊စကားပဲအသုံးပြုရပါတယ်။မိမိတို့လူမျိုးစာပေ၊စကားနဲ့ယဉ်ကျေးမှုလည်း သင်ကြားခွင့်၊ ဖော်ထုတ်ခွင့်ပေးထားပါတယ်၊ ဒါကတပိုင်းပါ။ ဒါပေမဲ့ အဲဒီနိုင်ငံ တွင်း လူမှုအဖွဲ့အစည်းနဲ့ စာသင်ကျောင်း၊ ရုံး၊ လုပ်ငန်းခွင်အားလုံးမှာ လူမျိုးခြား စာပေ၊ စကား တရားဝင်ပြောဆို၊ ရေး သားခွင့်မရှိပါ။

အင်္ဂလိပ်စကားနဲ့ စာ ဒီနိုင်ငံသားတွေ လူတိုင်းတတ်ကြပါတယ်။ ဒါပေမဲ့ ပြောလေ့ပြောထ မရှိပါဘူး။ အင်္ဂလိပ်လို ဆိုင်း ဘုတ်တောင် မရှိသလောက်ရှားပါတယ်။ ဒီနည်းလမ်းနဲ့ မိမိနိုင်ငံစာပေ၊ စကားနဲ့ယဉ်ကျေးမှုကိုထိမ်းချုပ်ထားပါတယ်။
ကျနော်တို့ဆီမှာက ရေရှည်အကျိုးမကြည့်တတ်သလို၊ ဉာဏ်အမြော်အမြင်နည်းပါးတဲ့ စစ်ဘိုရှုတ်၊ ယူနီဖောင်းဝတ်ရော၊ အကျွတ်တွေရော၊ လူတွင်ကျယ်လုပ် အုပ်ချုပ်နေကြလို့ ဗမာလူငယ်တွေကိုယ့် အမျိုးသားစာပေ၊ စကားတောင် အလေး မထားနိုင် ဖြစ်နေရတယ်။

အတိတ်ကိုပြန်ကြည့်ရင်၊ ကုန်းဘောင်ခေတ် မင်းတုန်းမင်းလက်ထက်ကတည်းက ပန်းသေးတရုတ်လူမျိုးတွေ ဘုရင့်တပ် မတော်မှာ အမှုထမ်း အရာထမ်းအဖြစ် ရောက်ရှိခဲ့ပါတယ်။ နောက်ပိုင်း အင်္ဂလိပ်လက်ထက်မှာလည်း အိမ်းနီးချင်းယူနန် နယ်ဘွား တရုတ်တွေ ရေကြည်ရာမြက်နုရာ၊ စီးပွားရေးအရ အခြေစိုက်လာပေမဲ့၊ မိမိတို့မိသားစု စားရေး ၀တ်ရေး သက် သက်လာသူတွေ ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်ပြီး မော်စီတုံးရဲ့ယဉ်ကျေးမှုတော်လှန်ရေးကြောင့်ရော၊ ချန်ကေချိတ်အစိုးရ ထောက်ခံသူတွေ မြန်မာနယ် ထဲ ခိုလှုံခဲ့တာတွေရှိပေမဲ့သူတို့ဟာ မြန်မာမှုကိုလေးစားပြီး မြန်မာပြည်ချစ်စိတ်ရှိတဲ့ မြန်မာပြည်သား ဧည့်ကောင်းတွေ ဖြစ်ခဲ့ပါတယ်။
၁၉၈၈ နောက်ပိုင်းမှာတော့ မြန်မာပြည်ကမတည်ငြိမ်တဲ့နိုင်ငံရေး၊ ဆုတ်ယုတ်နေတဲ့စီးပွားရေး၊အာဏာသိမ်းအစိုးရရဲ့ နိုင်ငံတကာမှာ အထီးကျန်မှုတွေကို အခြေခံပြီး အရှေ့က တရုတ်လူမျိုးတွေ ပြိုဆင်းလာပါတော့တယ်။မှတ်ပုံတင်အတု တွေနဲ့၊အိမ်ထောင်စုစာရင်းတွေဝယ်ပြီး (သက်ဆိုင်ရာကိုလာဘ်ထိုးပြီး) အုတ်အုတ်သဲသဲ ၀င်လာတယ်။ မြန်မာကျပ်ငွေတန်ဘိုးအဆမတန်ကျဆင်းမှုတွေ၊စီးပွားခြွတ်ခြုံကျမှု၊အာဏာရှင်အောက်ကအမျိုးသားရေးစိတ်ဓာတ် ခေါင်းပါးမှုတွေဟာတိုင်းတပါးသားတွေကိုတံခါးမရှိဓားမရှိ ဖြစ်စေခဲ့ပါတယ်။

ဆရာဆူးငှက်က…
“သူတို့နောက်ကွယ် (backgroun) မှာက နည်းတဲ့ငွေကြေးအင်အားမှမဟုတ်ဘဲ၊ ဗမာက အဲဒီအချိန် ငွေတသိန်းဆိုတာ တနှစ်လုံး ကုန်းရုန်းရှာတောင် ခဲယဉ်းတဲ့အချိန်၊ တရုတ်က သိန်းပေါင်း၊ သန်းပေါင်းများစွာ (ကျပ်ငွေ) သူတို့လက်ထဲရှိနေ တာကိုး။ ကျနော်တို့ကြားနေတာ ၁၉၉၀ လောက်က ငွေကြေးအများကြီး ထောက်ပံ့ပြီး ကြိုက်တာဝင်လုပ်၊အဲလိုနောက်ကွယ်ကလုပ်ပေးနေတာ။ဒါအစီအစဉ်ကျကျလုပ်ခဲ့ကြတာပါ။ဒီမှာတသောင်းတန်ကိုတသိန်းပေးလိုက်တယ်။ကျနော်တို့ဘိုးဘွားပိုင်တွေအဲလိုရောင်းချပလိုက်တယ်”

ပိုဆိုးတာတခုက တရုတ်လုပ်ငန်းရှင်တွေ၊ ကုမ္မဏီတွေ တရုန်းရုန်းဝင်လာပေမဲ့ ဗမာအလုပ်သမားတွေ အလုပ်လက်မဲ့ ဘ၀ကနေ မလွတ်ကျွတ်တာပါဘဲ။သူတို့အလုပ်သမားနဲ့ သူတို့အလုပ်ကိုခိုင်းစေပြီး ကိုယ့်အိတ်ထဲကိုယ့်ငွေတွေ ပြန်ထည့် သွားတာပဲ။ ဒီနေရာမှာ အာဖရိကမှာ လာရောက်ရင်းနှီးတဲ့ တရုတ်အစိုးရစီမံကိန်းတွေကိစ္စ ပြောပြချင်တယ်။

ထုံးစံအတိုင်းအာဖရိကနိုင်ငံတွေက ရေအားလျှပ်စစ်စီမံကိန်းတွေ၊ စက်မှုလုပ်ငန်းတွေနဲ့ စားသောက်ဆိုင်တွေမှာ လိုအပ် တဲ့ အလုပ်သမားတွေကိုတရုတ်နိုင်ငံကအကျဉ်းသားတွေခေါ်ပြီးခိုင်းတဲ့ အဖြစ်အပျက်ပါ။ အချိန်ကာလတခုထိ လျော့ ရက်ရမယ်၊ လွတ်လွတ်လပ်လပ် နေရမယ်၊အစားအနေ၊ဘာမှမပူရဘူးဆိုတော့လစာမပေးပေမဲ့တရုတ်ပြည်က ထောင်သားတွေ တော်တော်များများ အာဖရိကရောက်ကုန်တယ်။ဒီနည်းနဲ့အာဖရိကပြည်သူတွေ ရသင့်ရထိုက်တဲ့လစာနဲ့အလုပ်တွေမှာတရုတ်ကကိုယ့်အိတ်ထဲကိုယ်ပြန်ထည့်သွားတာပါပဲ။ ကျနော်တို့နိုင်ငံမှာလည်း တရုတ်က အာဖရိကလမ်း စဉ်သုံးနေပါတယ်။ ဆရာဆူးငှက်ပြောတာက…
“အခု ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ ၀င်လာတဲ့တရုတ်တွေဆို…၊ အရင်ကမှ ဗမာအလုပ်သမားခန့်သေးတယ် သူတို့ရဲ့ စက်ရုံ စီမံကိန်း၊ ဘာ၊ ညာစီမံကိန်းတွေဆို ပညာရှင်ကနေ၊ အလုပ်ကြမ်းသမားအထိသူတို့ဆီကတရုတ်တွေအကုန်ခေါ်ချလာ တာ၊ ဆိုပါတော့ အခုဓာတ်ငွေ့ပိုက်လိုင်းစီမံချက်တွေဆို သူတို့ အလုပ်သမားတွေနဲ့ သူတို့လာတာ။ ကုလားအုတ်လိုပေါ့ ဗျာ။ သူတို့အကျင့်၊ သူတို့လူမျိုးစရိုက်အတိုင်း စီးစီးပိုးပိုးနဲ့ အကုန်လုပ်သွားတာ။ရှိသမျှအကုန်သူတို့အိတ်ထဲရောက် အောင်လုပ်သွားတာ”

တခါတုံးက ကျနော်နယူးဒေလီ(အိန္ဒိယ)က ကြယ်ငါးပွင့်အဆင့် ဟော်တယ်တခုကို မိတ်ဆွေတယောက်နဲ့တွေ့ဘို့ ရောက် သွားတယ်၊ အပေါ့သွားချင်လို့ ဟော်တယ်ဧည့်ခန်းအနီး သန့်စင်ခန်းကိုသွားပြီး အထွက်မှာ လက်ဆေးမလို့ပြင်တော့ ဟော်တယ်ဝန်ထမ်းဝတ်စုံအပြည့်နဲ့ အိန္ဒိယအမျိုးသားတယောက်က ကျနော့်ကို လက်ဆေးကန်ရေပိုက်ဖွင့်ပေးတယ်၊ ပြီး တော့ လက်သုတ်ပုဝါလေးကိုင်ပြီး ဘေးမှာရပ်နေတယ်၊ ရုတ်တရက်တော့ ကျနော်လည်းကြောင်သွားတယ်။ နောက်မှ သဘောပေါက်သွားတယ်။ သူတို့ဆီမှာ မြားပြားလွန်းတဲ့ အလုပ်လက်မဲ့ပြဿနာကို အဲလိုဖြေရှင်းကြပါတယ်။ ကုမ္မဏီ တွေ၊ ပြည်ပကလာရောက်ရင်းနှီးတဲ့ လုပ်ငန်းရှင်တွေ၊ စီးပွားရေးသမားတွေကို မိမိနိုင်ငံက ၀န်ထမ်းဘယ်လောက် ဦးရေ ကို၊ ဘယ်လောက်နှုံးထားနဲ့ လစာပေးပြီး အလုပ်ခန့်ရမယ်ဆိုတာ သဘောတူစာချုပ် ချုပ်လေ့ရှိပါတယ်။ ဗမာပြည်မှာ အဲ လို ကိုယ့်နိုင်ငံသားတွေရဲ့ အခွင့်အရေးကိုကာကွယ်တဲ့မူဝါဒတွေရှိဘို့ လိုနေပါပြီ။

အခုတော့ ...အလုပ်လက်မဲ့ပြဿနာကို ပြည့်တန်ဆာထူထောင်ရေး လုပ်ငန်းစဉ်တွေနဲ့ အကောင်အထည်ဖော်နေသလိုပါပဲ။ ဆရာဆူးငှက် ပြောပြတာကရှင်းပါတယ်။ လူရော၊ ရိက္ခာရော၊ အမြတ်အစွန်းရော အကုန်ယူသွားတာတဲ့။

“တကောင်းဘက်က နီကယ်လ်စီမံကိန်းတွေနဲ့ ရခိုင် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွေမှာဆို၊ ဗမာက တရုတ်အလုပ်ကြမ်း သမားအတွက်ပါ ၀န်ဆောင်မှုပေးရတယ်။ သူတို့က ဒီမှာရှိတဲ့ ဟင်းသီးဟင်းရွက်သားငါးကို ၀ယ်စားတယ်။ ကျနော်တို့တမတ်၊ငါးမူးအမြတ်နဲ့သူတို့အလုပ်သမား၂ထောင်ရောက်လာလို့ ဒီလောက်ရောင်းရတာဆိုပြီး ၀မ်းသာအားရ ဖြစ်နေ ရတယ်။ ၀န်ဆောင်မှုမှာ ဘာတွေဆက်ဖြစ်လာလဲဆိုတော့.. အဲဒီနားလေးက ရွာတွေမှာ အနှိပ်ခန်းတွေ၊ အရက်ဆိုင်၊ ကာ ရာအိုကေတွေ ပေါ်လာတယ်။သူတို့အတွက်မကောင်းတဲ့မိန်းမတွေ ပေါ်လာတယ်။ အဲဒါတွေကို ဗမာက လုပ်ပေးလိုက်ရ တာဗျ။
"ဒီမှာကဆင်းရဲလွန်းတော့၊တနှစ်လုံးကောက်စိုက်မှ တောသူတောင်သားတွေ ထောင်ဂဏန်းလောက်ရတဲ့အချိန်၊ သူတို့နဲ့ တညသွားအိပ်လို့၊ သောင်းဂဏန်းလောက်ရတာဆိုတော့ အဲလိုတွေ ဖြစ်ကုန်ကြတယ်။ အဲဒီတော့ ကျနော်တို့ ဘက်က ရှုံးပြီးရင်းရှုံးရင်း မိအေး ၄-၅-ဆယ်ခါ နာနေကြရတာဗျ။ ဒီအတိုင်းသာဆက်သွားမယ်ဆို၊ ကျနော်တို့က သယံဇာ တပါသွားပြီ၊ အမျိုးကောင်းသမီးတွေပါသွားပြီ။ နောက်တခါ ကျနော်တို့ ယဉ်ကျေးမှုတွေလည်း အလွှမ်းမိုးခံနေရပြီ။ ဘာ များမက်လောက်စရာ ရှိတော့လို့လဲ၊ အဓိကက ကိုယ့်ဟာနဲ့ အကုန်လုံးလုပ်စားသွားခဲ့ကြတာကိုးဗျ။"

မန္တလေးသားစာရေးဆရာဆူးငှက်ပြောပြသွားတာတွေပါ။
မန္တလေးနဲ့ပတ်သက်ပြီး ကွယ်လွန်သူ အမျိုးသားစာဆိုတော် ကဗျာဆရာဇော်ဂျီက …
"မန္တလေးဟာ တဖက်မှာဂန္ထ၀င်ဆန်လွန်းသလို တဖက်မှာလည်း မော်ဒန်ဖြစ်လွယ်တဲ့မြို့။“ဆံပင်ကိုက်ညှပ်သော ဆိုင်ကြီး” လို့ ဆိုင်းဘုတ်ရေးသလို၊ “ဘသန်းကဖေး” လို့ ခေတ်မီမီစတိုင်ပထမဆုံးသုံးတာမျိုးလို့ ထောက်ပြဘူးပါတယ်။ အခုလို အချိန်မှာ ဆရာဇော်ဂျီ တမလွန်ကလာပြီး မန္တလေးကိုတွေ့ရင်တဖိတ်ဖိတ်တောက်နေသောစိနအက္ခရာအလျှံပယ် ဆိုင်း ဘုတ်များနှင့် စကပ်တိုပေါင်တံဖြူ စကားမတူ၊ အယူဝါဒခြား၊လူမျိုးကွဲစိနတိုင်းသားတို့၏စီးပွားနှင့်ယဉ်ကျေးမှုလွှမ်းမိုး နေသည့်ထီးကျိုးစည်ပေါက် မြန်မာတို့၏နောက်ဆုံးယဉ်ကျေးမှုခံတပ်၊မန်းနေပြည်တော်ကြီးလဲပြိုလေပြီတကား"…လို့များ၊ ရင်နာနာနဲ့ ရေးလေမလားလို့ တွေးနေမိပါတော့တယ်။

ကိုညို (အော်စလို)

(နေ့သစ်..website တွင်ဖေါ်ပြထားသော ဆောင်းပါးဖြစ်ပါသည်)


နောက်ပြီးကုလားကိစ္စဘက်ကိုကြည့်ရင်လဲ.....ဘယ်လိုလဲတော့မသိတာတွေတွေ့ရပါပြီ..

ကို"ဒီမိုဖက်တီး"ရဲ့ရေးသားချက်တစ်ခုကိုလဲ...ပြန်လည်တင်ပြချင်ပါတယ်...
(အခုကျတော့ ခင်ရီက ဘင်္ဂါလီ ၁၀ သိန်းရှိတယ်ပြောလည်း မလှုပ် ၊ မောင်ဦးက နောက်ထပ် ၄ သိန်းလက်ခံအုံးမယ်ဆိုလည်း မလှုပ်...ရယ်တော့ရယ်ရသားဗျ၊ဒါဆိုတလောကအရမ်းလှုပ်အောင် လုပ်သွားတဲ့ သူတွေက ဘယ်သူတွေလည်း ဆိုတာကိုတော့ စဉ်းစားစရာပဲ..@ အဂ္ဂမဟာဒီမိုဖက်တီး)

အမျိုးကိုချစ်တယ်ဆိုတာ...ဘယ်လူမျိုးလွမ်းမိုးတာကိုပဲဖြစ်ဖြစ်ဝေဘန်..ပြစ်တင်နိုင်ရပါ့မယ်...
ဘယ်လူမျိုးဝါးမျိုတာကိုပဲဖြစ်ဖြစ်..ဆန့်ကျင်တတ်ရပါမယ်..
ကုလားကိစ္စမှာအစိုးရကကုလားဘက်ကမပါလို့..ကုလားကိုချည်းပဲအပြစ်တင်နေပြီး...တရုတ်ကိစ္စမှာအစိုးရကတရုတ်ဘက်....ကပါနေလို့....တရုတ်ကို မသိချင်ယောင်ဆောင်ပေးနေရင်တော့...
တကယ်ကိုလူမျိုးအတွက်စိုးရိမ်တာမဟုတ်ပါဘူး......
.အဲဒီလိုပဲ..အတိုက်အခံအဖွဲ့အစည်းတွေရဲ့..ရိုက်ချက်တွေကိုခံရလို့...ပြည်သူတွေကအတိုက်အခံတွေဘက်ကိုအာရုံစိုက်နေလို့....အာရုံပြောင်းတဲ့အနေနဲ့...ကုလားကိုခေါင်းစဉ်ပြောင်းပေးလို့မရပါဘူး....၊
အခု...ကုလားဘက်ငြိမ်သွားရင်တော့..တရုတ်ကိစ္စတွေပြောစရာဖြစ်လာတော့မယ်.......
ဘယ်လိုအာရုံပြောင်းကြအုံးမလဲမသိ..

အခုဆို....CPIက မြစ်ဆုံမှာစည်းရုံးရေးဆင်းနေပါပြီ...
ဒီခေါင်းစဉ်ကလဲအရေးကြီးပေမဲ့..Facebookမှာဘာလို့မှိန်နေကြတာလဲ...၊

အဲဒီတော့....နိုင်ငံခြားလွမ်းမိုးမှုစောင့်ကြည့်ချင်သူများ.....ဘာလဲ..ဘယ်လဲ..???????????
တရုတ်က..ဒီမိုကရေစီဆိုတာ၉၆ပါးရောဂါပျောက်ဆေးမဟုတ်ဘူး.....ဆိုးပြီးစော်ကားတာကိုလဲ.....
တခြားခေါင်းစဉ်အမျိုးမျိုးတွေပြ.. ပိုစ့်တင်ပြီးတော့ ..hide မလုပ်ကျပါနဲ့တော့..လို့ပြောချင်ပါတယ်...၊

နောက်တစ်ခုက...အစိုးရက..facebookသမားတွေအလုပ်ရှုပ်အောင်..topicအမျိုးမျိုးထုတ်နေသလိုပဲ....တစ်ခါတစ်လေကျရင်..သူတိ့ topic နောက်မလိုက်တာကောင်းတယ်..၊
အဂ္ဂမဟာ ဒီမိုဖက်တီး

Monday, July 9, 2012

ကော်ဖီသောက်ခြင်း၏ ကောင်းကျိုးဆိုးကျိုးများ

အေဒီ ၉ ရာစုတွင် အီသီယိုးပီးယား နိုင်ငံမှ စတင် တွေ့ရှိ သုံးစွဲခဲ့တဲ့ ကော်ဖီဟာ ကမ္ဘာ တစ်ဝှမ်း သောက်သုံးမှု များသော သုံးဆောင် စရာများထဲ အနက် တစ်ခု အပါ အဝင် ဖြစ် ပါတယ်.. ကော်ဖီဟာ အာရုံနိုးကြားစေသော သောက်သုံးစရာ တစ်မျိုးဖြစ်ပြီး အဓိက ပါဝင်တဲ့
ဓါတ်ပစ္စည်းကတော့ ထရိုင်မီသိုင်းဇန်သင်း (Trimethylxanthine) ခေါ် ကဖင်း
(caffeine) ဓါတ်ပဲ ဖြစ်ပါတယ်.. ကဖင်းဓါတ်ဟာ ကော်ဖီစေ့ထဲမှာ ၁% မှ ၂ % ထိ
ပါဝင် ပါတယ်.. အခြား ပါဝင်တဲ့ ဓါတ်ပစ္စည်း များဖြစ်တဲ့ ဟိုက်ဒ ရောက်ဆီ
ဆစ်ထရစ် အက်စစ် (Hydroxycitric acid)၊ ခရိုမီယမ် (Chromium)၊ လိမ္မော်ခါး
(Bitter Orange) တို့ဟာ ခန္ဓာကိုယ် ဖီဝကမ္မ ဖြစ်ပျက် မှုနှုန်း (metabolic
rate) ကို ၃၀%ထိ ပိုမို မြန်စေ ပါတယ်.. ကော်ဖီ သောက်သုံးခြင်းဖြင့်
အယ်လ်ဇိုင်းမား ရောဂါ (Alzheimer's disease)၊ ပါကင်ဆန် ရောဂါ (Parkinson's
disease)၊ လူကြီး သူငယ်ပြန် ရောဂါ (Demantia)၊ နှလုံးရောဂါ (heart
disease)၊ အမျိုးအစား-၂ ဆီးချို သွေးချို ရောဂါ (diabetes mellitus type
2)၊ အသည်းခြောက် ရောဂါ (cirrhosis of the liver)၊ ဂေါက်ရောဂါ (Gout)
ဖြစ်ပွားနှုန်း တို့ကို လျော့ကျ စေပါတယ်.. အစားအသောက် ပျက်သူများ အနေဖြင့်
ကော်ဖီနံ့ ရရှိပါက အစာ စားချင်စိတ် ပြန်လည် ဖြစ်ပေါ် စေပါတယ်.. အရက်မူး
လွန်ပြီး လေးလံထိုင်း မှိုင်းသူများ အဖို့ ကော်ဖီ သောက်လိုက်ပါက
လန်းဆန်းမှုကို ရရှိစေ ပါတယ်.. ကော်ဖီသည် ဆီးရွှင် စေသော (Diuretic effect)
သတ္တိ ရှိပါတယ်..


ကော်ဖီဟာ စွဲစေတတ်သော သတ္တိ ရှိတဲ့အတွက် နေ့စဉ် ကော်ဖီ ၃ ခွက်မှ ၅ ခွက် သောက်သုံး နေသူများထဲမှ ၁၀% ခန့်ဟာ ကော်ဖီ ဖြတ်လိုက်တဲ့
အချိန်မှာ စိတ်ဓါတ်ကျဆင်းခြင်း (Depression)၊ စိတ်ပူပန်မှု များလာခြင်း
(Anxiety) တို့ ဖြစ်ပေါ် လာတတ်ကြောင်း တွေ့ရှိရ ပါတယ်.. အူမှ သံဓါတ်
စုပ်ယူမှုကို အဟန့်အတား ဖြစ်စေ နိုင်သဖြင့် နို့တိုက် မိခင်နှင့် ကလေးငယ်
တို့တွင် သံဓါတ် ချို့တဲ့သော သွေးအားနည်း ရောဂါ (Iron deficiency anaemia)
ဖြစ်စေ နိုင်ပါတယ်.. ကော်ဖီ သောက်သုံး ခြင်းကြောင့် သွေးလွှတ် ကြော နံရံ
များ တင်းမာမှု ဖြစ်ပေါ်စေပြီး ကော်ဖီကြောင့် နှလုံး သွေးကြောဆိုင်ရာ ရောဂါ
ဖြစ်ပွားကြောင်း မတွေ့ ရှိရသေးပေ.. ကော်ဖီ သည် နှလုံးခုန်နှုန်း
မြန်စေသဖြင့် သွေးတိုး အနည်းငယ် မြင့်မား စေပါတယ်.. အစာအိမ် အက်စစ်
ပြန်ကန်မှု (acid reflux) ဖြစ်ပေါ် စေတတ် သဖြင့် လေတက် ရင်ပူ တတ်သူများ
(Heart burn) အဖို့ သတိထား သုံးစွဲ သင့်ပါတယ်..
မည်သို့ပင် ဆိုစေကာမူ တန်ဆေး လွန်ဘေး ဆိုသည့် စကားအတိုင်း သင့်တင့်သော
သောက်သုံးမှု ဖြင့် ကျန်းမာရေး အတွက် ဂရုစိုက် ရန်
လိုအပ်ပါတယ်.. သင့်တင့်သော သုံးစွဲမှု သည် ဆိုးကျိုးထက် ကောင်းကျိုး
များကြောင်း ပညာရှင် များမှ ဆိုထားပါတယ်.. ကော်ဖီနှင့် ကျန်းမာရေး
ဆက်စပ်သော ကောင်းကျိုး ဆိုးကျိုး များကိုလည်း ဆက်လက် လေ့လာ သုတေသန ပြုနေဆဲ
ပင် ဖြစ်ပါကြောင်း တင်ပြ လိုက်ရပါတယ်..

Posted by thiha yi chun
Shared from http://www.thitsaryoungchi.com/2010/03/blog-post_18.html

ဖရဲသီး

ဖရဲသီးဟာ ရာသီပေါ် အသီးအနှံဖြစ်ပြီး မြန်မာပြည်သူပြည်သားတွေ အများဆုံး စားသုံးကြတဲ့ သွားရည်စာတစ်မျိုး ဖြစ်ပါတယ်။ မာတ်တွိန်းကတောင် ဖရဲသီးကို စားတဲ့သူဟာ နတ်သားတွေ ဘာစားတယ် ဆိုတာ သိလာလိမ့်မယ်ဆိုပြီး ဖရဲသီးဂုဏ်ကို ချီးမြောက်ခဲ့ပါတယ်။ ဖရဲသီးဟာ နတ်သားတွေ စားသုံးတဲ့သစ်သီးဖြစ်ရုံမက နတ်သမီးလေးဖြစ်အောင်ပါ ဘယ်လို စားသုံးသင့်တယ်ဆိုတဲ့အကြောင်းကို တင်ဆက်စရာ သစ်သီးအလှအဖြစ် ဖော်ပြလိုက်ရပါတယ်။

မှတ်ဉာဏ်ကောင်းစေတယ်
မြင်းခွာရွက်မှ မှတ်ဉာဏ်ကောင်းတာ မဟုတ်ဘူးနော်။ ဖရဲသီးဟာလည်း လူကို မှတ်ဉာဏ်ကောင်း စေတယ်။ ဖရဲသီးအစေ့ကို အခွံခွာပြီး လေး၊ ငါးလုံးလောက် မနက် ဘာမှမစားရသေးခင် စားပေးပါ။ ကျောင်းသူ ကျောင်းသားတွေ စားသုံးပေးသင့်ပါတယ်။ မှတ်ဉာဏ်ကောင်းစေပါတယ်။ ဖရဲသီးအစေ့မှာ ပရိုတင်း၊ အက်မီနိုအက်ဆစ်၊ ဗီတာမင်ဘီ၊ သံဓာတ်၊ ဇင့်ဓာတ်နဲ့ တခြားဓာတ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် ညဘက်အိပ်မပျော်ခြင်း၊ လွယ်ကူစွာ အိပ်မရခြင်း၊ ခဏ ခဏ သတိမေ့လျော့ခြင်းများအတွက် ဖရဲသီးဟာ အကောင်းဆုံး မှတ်ဉာဏ်တိုးဆေးပဲ ဖြစ်ပါတယ်။

ဝမ်းချုပ်တာကာကွယ်
ဖရဲသီးကို နေ့လယ်စာနဲ့ ညစာစားပြီးအချိန် စားသုံးပေးရင် ဝမ်းချုပ်ခြင်းမှ ကာကွယ် ပေးပါတယ်။ ဖျားနေရင် ဖရဲသီးကို ဒီအတိုင်းသော်လည်းကောင်း၊ အရည်သော် လည်းကောင်း သောက်သုံးပေးပါ။ ချောင်းခြောက်ဆိုးနေရင် ဆားခပ်ပြီး သောက်ပေးပါ။

ခေါင်းကိုက်၊ ကျောက်ကပ်
ခေါင်းကိုက်နေရင် ဖရဲသီးဖျော်ရည်ကို မနက်ပိုင်း ဘာမှမစားရသေးခင် သောက်ပေးပါ။ သကြားတစ်ဇွန်း (လက်ဖက်ရည်ဇွန်း) နဲ့ ခပ်ပြီး သောက်ပေးပါ။ ဖရဲသီးကို အရည်ပဲဖြစ်ဖြစ်၊ ဒီအတိုင်းပဲဖြစ်ဖြစ် စားသုံးပေးပါက ကျောက်ကပ်ကို သန့်စင်စေပါတယ်။ ဂျိုးတွေကျစေ ပါတယ်။ ကွမ်းစားလို့ ကျောက်ကပ်မှာ ထုံးတွေတည်နေတာတွေ ကျစေပါတယ်။

သွေးတိုးအတွက်
သွေးတိုးသမားတွေအတွက် ဖရဲသီးအစေ့ကို ဖျော်ရည်လုပ်ပြီး သောက်ပေးရပါမယ်။ ဖရဲသီးအစေ့ကို နေလှန်းပြီး တစ်ရက်ထားပါ။ ပြီးရင် လက်ဖက်ရည်ဇွန်း (၂)ဇွန်းစာ အစေ့တွေကိုယူပြီး ရေနွေးနဲ့ တစ်နာရီလောက် ပြုတ်ပေးပါ။ သုံးပုံတစ်ပုံကျန်မှ အရည်နဲ့စစ်ပြီး အဲဒီ့အရည်ကို မနက်တိုင်း ဘာအစာမှ မစားရသေးခင် သောက်သုံးပေး ရပါမယ်။ ကျန်တဲ့ နေ့ခင်းဘက်အချိန်တွေ သောက်ရင်လည်း ရပါတယ်။ မနက်ပိုင်း ဘာအစာမှ မစားရသေးခင် သောက်တာဟာ အကောင်းဆုံး အကျိုးသက်ရောက်မှု ရှိစေပါတယ်။

ဖရဲသီး Diet လုပ်နည်း
ဖရဲသီးဟာ ဝိတ်ကျစေတဲ့ သစ်သီးတစ်မျိုး ဖြစ်ပါတယ်။ ဖရဲသီးတစ်ခွက်မှာ ကယ်လိုရီ ၄၆ ရှိပါတယ်။ ဖရဲသီးဖျော်ရည်ကို များများသောက်ပြီး ရေများများသောက်ပေးရင် သိသိသာသာ ဝိတ်ကျလာစေပါတယ်။ တခြား ဘေးထွက်ဆိုးကျိုးများ မရှိတဲ့အတွက် စိတ်ချလက်ချ စားသုံးနိုင်ပါတယ်။ ဖရဲသီးကို ဘယ်လောက်စားသုံးပေးရမလဲဆိုတော့ ကိုယ်ဘယ်လောက် ဝိတ်မြန်မြန်ချချင်တယ်ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ သာမန်အား ဖြင့်တော့ ကယ်လိုရီ ၁၅၀ စားသုံးပေးရမှာ ဖြစ်ပါတယ်။ ဖရဲသီးကို မနက်စာ မစားခင် အချိန်၊ နေ့လယ်စာမစားခင် တစ်ခွက်နဲ့ ညနေစာမစားခင် တစ်ခွက် သောက်ပေးပါ။ သွားရည်စာအဖြစ်လည်း စားသုံးပေးပါ။ ဖရဲသီးထဲမှာပါတဲ့ သကြားဓာတ်ဟာ ဘေးဘယာမဖြစ်စေပါဘူး။

အကောင်းဆုံး Toner
ဖရဲသီးဟာ သဘာဝအကောင်းဆုံး Toner တစ်ခုပဲဖြစ်ပါတယ်။ ဖရဲသီးအရည်ကို ပျားရည်နဲ့ရောပြီး ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေအတွက် လိမ်းပေးနိုင်ပါတယ်။ အဆီပြန်တဲ့အသားအရေအတွက် ဖရဲသီးအရည်နဲ့တင် လိမ်းပေးနိုင်ပါတယ်။ သဘာဝ Toner ဖြစ်ပြီး မျက်နှာအရေပြားအတွက်လည်း လိမ်းပေးနိုင်ပါသေးတယ်။ လိမ်းမည် ဆိုပါက အရင်ဆုံး ပိတ်ဖြူသန့်တစ်စအပေါ် ဖရဲသီးအရည်ဆွတ်ပြီး မျက်နှာကို လိမ်းပေးပါ။ လည်ပင်းနေရာတွေကိုပါ လိမ်းပေးရမှာ ဖြစ်ပါတယ်။ အသားအရေကို တင်းရင်းစေတယ်။ စိုပြည်စေပါတယ်။ ဗီတာမင်စီ၊ ဗီတာမင်အေတို့ ပါဝင်တဲ့အတွက် အသားအရေကို တောက်ပရွှန်းလဲ့စေပါတယ်။ အရေပြားပေါ်က ပျက်စီးနေတဲ့ဆဲလ်တွေကို ပြုပြင်ပေးပြီး အသစ်ပြန်လည် ဖြည့်ဆည်းပေးပါတယ်။

ဖရဲသီးနဲ့ မျက်နှာပေါင်းတင်မယ်
ဖရဲသီးကို ညှစ်ပြီး အဖတ်ကို မျက်နှာနဲ့ လည်ပင်းနေရာတွေကို လိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီး မျက်နှာကို ပြန်ဆေးပေးပါ။ ဒါက ရိုးရိုးနည်းဖြစ်ပါတယ်။ မျက်နှာမှာ နေလောင်ဒဏ်တွေ၊ နေပူထဲ ခဏ ခဏသွားရတဲ့ မျက်နှာမည်းညစ်နေတဲ့သူဆိုရင်တော့ ဖရဲသီးနဲ့ သခွားသီးကို အချိုးကျညှစ်ပြီး အဖတ်နဲ့လိမ်းပေးရမှာ ဖြစ်ပါတယ်။ မိနစ် ၂၀ လောက်ထားပြီးမှ ရေနဲ့ပြန်ဆေးပေးပါ။ သာမန်အသားအရေအတွက် ဖရဲသီး ပေါင်းတင် နည်းဟာ အရေပြားကို နူးညံ့ရွှန်းစိုလာစေပြီး နေလောင်ဒဏ် အသားအရေများအတွက် မည်းညစ်နေတာတွေ ပျောက်ကင်းပြီး ရှင်းသန့်လာစေပါတယ်။

နွေဦးအစားအစာ
ပူအိုက်တဲ့ရာသီမှာ စားသုံးသင့်တဲ့ အသီးတစ်မျိုးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဖရဲသီးမှာ ရေဓာတ်အများကြီး ပါပါတယ်။ ၉၂ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ရေကိုဒီအတိုင်းကြီး သောက်တာထက် ဖရဲသီးကို စားပေးတာဟာ အရသာလည်းရှိ၊ ရေငတ်လည်းပြေပါတယ်။ ကိုယ်အတွင်းရှိ အဆိပ်ဖြစ်စေမယ့် အရာတွေကို ရှင်းပေးပါတယ်။

ပုရိသတို့စားသုံးသင့်တဲ့ ဖရဲသီး
ဖရဲသီးဟာ ယောက်ျားကာမအားတိုးစေတယ်လို့ သိပ္ပံပညာရှင်များစွာက သက်သေထူနိုင်ခဲ့ ကြပါတယ်။ ယောက်ျားအယောက် ၅၀ ကို လေ့လာဆန်းစစ်တဲ့အခါမှာ ကာမအား သိသိသာသာ တိုးလာကြောင်း တွေ့ရှိရပါတယ်။ ဖရဲသီးမှာ Citrulline ဓာတ်တွေ အများကြီးရှိပါတယ်။ လေ့လာတွေ့ရှိချက်များအရ လုံလောက်တဲ့ Crtrulline ရရှိရန် ဖရဲသီးခြောက်စိတ် (သို့) ခုနှစ်စိတ်ကို နေ့စဉ်စားသုံးပေးရန် လိုအပ်ကြောင်း သိရှိရပါတယ်။

Ref: 8 Days

စိတ်ကို အစာနဲ့ ကုသခြင်း

နေ့စဉ် ခံစားရတတ်တဲ့ စိတ်ဖိစီးမှု၊ တင်းအားနဲ့ စိတ်ဓာတ်ကျ ဝေဒနာတွေအတွက် အောက်ပါ နည်းလမ်းတွေကို သုံးပြီး ဖြေရှင်းပေးနိုင်ပါတယ်။


၁) နွားနို့ တစ်ဖန်ခွက် သောက်ပါ။ နွားနို့မှာ ပါဝင်တဲ့ ထရစ်ပတိုဖန်က ခန္ဓာကိုယ်ထဲမှာ စိတ်ခံစားမှု ကောင်းစေတဲ့ ဆီရိုတိုနင်ကို အထွက်တိုးစေပါတယ်။ ဒါ့အပြင် နွားနို့ထဲမှာပါတဲ့ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက်စီယမ်တွေဟာ သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးပါတယ်။

၂) ပန်းဂေါ်ဖီစိမ်းကို စားပါ။ ပန်းဂေါ်ဖီစိမ်းမှာ ပါတဲ့ ဖောလစ် အက်ဆစ်က စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။

၃) အခွံချွတ်မထားတဲ့ ကောက်နှံစာ စားပါ။ ကာဗိုဟိုက်ဒရိတ် ပေါများစွာ ပါဝင်တဲ့ အစာတွေက ဆီရိုတိုနင် အဆင့်ကို မြင့်တက်စေပြီး စိတ်ခံစားမှု ကောင်းစေကာ စိတ်အပန်းပြေစေပါတယ်။

၎) ဆယ်လ်မွန်ငါး အနည်းငယ် စားပါ။ ဆယ်လ်မွန် ငါးထဲမှာ ပါတဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ်က ဦးနှောက်ဆဲလ်တွေရဲ့ လုပ်ငန်းဆောင်တာကို ကောင်းကောင်း လုပ်ဆောင်နိုင်စေပြီး စိတ်ဖိစီးမှုကို သိသိသာသာ လျော့ကျစေပါတယ်။

၅) အမည်းရောင် ချောကလက်ကို စားပါ။ အမည်းရောင် ချောကလက်မှာ သီအိုဘရိုမင်းလို ဒြပ်ပေါင်း ၃၀၀ ကျော် ပါဝင်နေတာကြောင့် ဦးနှောက်ထဲမှာ စိတ်ခံစားမှု ကောင်းစေနိုင်တဲ့ အာနိသင်ကို ရရှိစေပါတယ်။ အမည်းရောင် ချောကလက်မှာ ကိုကိုး ပါဝင်မှု ၇၀ ရာခိုင်နှုန်းနဲ့ အထက် ပါဝင်တာကြောင့် စိတ်ခံစားမှု ကောင်းမွန်စေတဲ့ အစားအစာ ဖြစ်ပါတယ်။

၆) အခွံမာသီး လက်တစ်ဆုပ်စာ စားပါ။ အခွံမာသီးမှာ မဂ္ဂနီဆီယမ် များစွာ ပါဝင်တာကြောင့် စိတ်ဖိစီးမှု ဟော်မုန်း ကော်တီဆော အဆင့်ကို လျော့ကျစေပါတယ်။ အခွံမာသီးတွေမှာ ကယ်လိုရီ ပါဝင်မှု မြင့်မားတာကြောင့် တစ်နေ့မှာ လက်တစ်ဆုပ်စာ ပမာဏထက်တော့ ပိုမစားသင့်ပါ။

၇) ကိုကိုး ပူပူ တစ်ခွက် သောက်ပါ။ ပူတဲ့ အရည်တွေကို သောက်တာက ခန္ဓာကိုယ် အပူချိန်ကို မြင့်တက်စေပြီး စိတ်သက်သာရာ ရစေပါတယ်။ အကြောင်းကတော့ ကိုကိုး ပူပူ သောက်တာကြောင့် ဦးနှောက်ထဲမှာ စိတ်ခံစားမှု ကောင်းစေတဲ့ တုန့်ပြန်မှု ဖြစ်ပေါ်စေလို့ပါ။

၈) ကော်ဖီအစား လက်ဖက်ရည်ကြမ်း သောက်ပါ။ လန်ဒန်ကောလိပ်ရဲ့ လေ့လာမှုတစ်ရပ်အရ လက်ဖက်ရည်ကြမ်းကို တစ်နေ့ လေးကြိမ်နဲ့ ခြောက်ပတ်ခန့် သောက်တာကြောင့် စိတ်ဖိစီးမှု ဟော်မုန်း ကော်တီစော အဆင့်ကို လျော့ကျစေတယ်လို့ သိရပါတယ်။

၉) သီနင်းဓာတ် ပါဝင်တဲ့ လက်ဖက်စိမ်း လက်ဖက်ရည် သောက်ပါ။ လက်ဖက်စိမ်း လက်ဖက်ရည်ဟာ ဦးနှောက်ထဲက စိတ်ခံစားမှု ကောင်းစေတဲ့ အယ်လ်ဖာလှိုင်း အထွက်တိုးစေပြီး စိတ်တင်းအား ဖြစ်စေတဲ့ ဘီတာလှိုင်း ထွက်ရှိမှုကို လျော့ကျစေပါတယ်။

၁၀) ရေအေး တစ်ဖန်ခွက် သောက်ပြီး အပြင်ထွက် လမ်းလျှောက်ပါ။ ရေအေးဟာ သွေးစီးဆင်းမှုကို ကောင်းစေတာကြောင့် စိတ်ဖိစီးမှုကို လျော့ကျစေတဲ့ အန်ဒေါ်ဖင် ထွက်နှုန်းကောင်းအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။               

ဇွန်(Ref;RD)
By Good Health
Shared from http://news.yatanarpon.com.mm/news/news-50178

အိပ်ရာမဝင်ခင် အာဟာရ မှီဝဲမှုနှင့် ပတ်သက်၍ သိကောင်းစရာ

ကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေအပေါ် သက်ရောက်မှု ရှိပါတယ်။ အစာက စွမ်းအင်ပေးနိုင်တာကြောင့် တစ်နေ့တာ လုပ်ရမယ့် လုပ်ဆောင်မှုတွေကို အဆင်ပြေပြေ လန်းလန်းဆန်းဆန်း လုပ်နိုင်စေ ပါတယ်။  အစားအသောက်က အိပ်စက်မှုမှာလည်း အရေးပါတဲ့ အခန်းကနေ ပါဝင်နေပါတယ်။ အိပ်ရာမဝင်ခင်မှာ သင့်တော်တဲ့ အာဟာရ မှီဝဲမှုကြောင့် သင့်ကို အလွယ်တကူ အိပ်မောကျစေနိုင်သလို ရွေးချယ်တဲ့ အစာမမှန်တာကြောင့်လည်း အစာမကြေ ရင်ပြည့်ရင်ကယ် ဖြစ်ပြီး အိပ်မပျော်တာမျိုး ဖြစ်စေနိုင်ပါတယ်။


အိပ်ရာမဝင်ခင် မှီဝဲသင့်သော အာဟာရဓာတ်များ

၁) ထရစ်ပတိုဖန် (Tryptophan)

ထရစ်ပတိုဖန်ဆိုတာ အမိုင်နိုအက်စစ် တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ အိပ်စက်မှုကို ဖြစ်စေတဲ့ ဆီရိုတိုတင်နဲ့ မယ်လတိုနင် ထုတ်လုပ်မှုကို တိုးစေနိုင်ပါတယ်။ ညနေခင်းမှာ ထရစ်ပတိုဖန် ပါဝင်တဲ့ အစားအစာတွေကို စားပေးတာကြောင့် ဦးနှောက်ဟာ ထရစ်ပတိုဖန်ကို ရရှိစေပြီး ဆီရိုတိုနင်နဲ့ မယ်လတိုနင်တို့ ထွက်ရှိစေပါတယ်။ အဆီနည်း အသား၊ နို့နဲ့ နို့ထွက်ပစ္စည်း၊ အခွံမာသီး၊ ပဲအမျိုးမျိုးနဲ့ ပဲပိစပ် ထုတ်ကုန် စတဲ့ ပရိုတင်းဓာတ် ပေါများစွာ ပါဝင်တဲ့ အစာတွေထဲမှာ ထရစ်ပတိုဖန် ပါဝင်မှုများပါတယ်။ အခွံချွတ်မထားတဲ့ ဆန်လုံးညို၊ ပေါင်မုန့်ညိုစတဲ့ ကောက်ပဲသီးနှံတွေထဲမှာလည်း ထရစ်ပတိုဖန် ပါဝင်မှု များပါတယ်။

၂) ကာဗိုဟိုက်ဒရိတ်(Carbohydrate)

ကာဗိုဟိုက်ဒရိတ်ဟာ အင်ဆူလင် ထွက်ရှိမှုကို လှုံ့ဆော်ပေးတာကြောင့် အိပ်မောကျစေတဲ့ ထရစ်ပတိုဖန်ရဲ့အကျိုးကျေးဇူးကို ကောင်းစေပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကာဗိုဟိုက်ဒရိတ် အစာတွေက အခွံချွတ်မထားတဲ့ ပေါင်မုန့်၊ ခရက်ကာမုန့်၊ သစ်သီးဝလံ စတာတွေပဲ ဖြစ်ပါတယ်။ ထရစ်ပတိုဖန်နဲ့ ကာဗိုဟိုက်ဒရိတ် တွဲဖက်ရရှိစေဖို့ ပေါင်မုန့်ညိုကို မြေပဲထောပတ်သုတ် စားတာမျိုး လုပ်ပေးနိုင်ပါတယ်။

၃) ကယ်လ်စီယမ် (Calcium)

ကယ်လ်စီယမ်ဟာ ဦးနှောက်ရဲ့ ထရစ်ပတိုဖန် အသုံးပြုမှုကို ကူညီပေးပါတယ်။ ဒါကြောင့် အိပ်ရာမဝင်ခင်မှာ ထရစ်ပတိုဖန်ရော ကယ်လ်စီယမ်ပါ ပါဝင်တဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို စားသုံးတာက အကောင်းဆုံး ဖြစ်ပါတယ်။ ညဘက်မှာ အဆီနည်းနို့၊ ဒိန်ခဲ၊ ဒိန်ချဉ် စတဲ့ သရေစာကို စားပေးနိုင်ပါတယ်။

၎) ပရိုတင်းဓာတ် (Protein)

ပရိုတင်းဓာတ်ကိုတော့ အသင့်အတင့် စားပေးဖို့ လိုပါတယ်။ အိပ်ရာမဝင်ခင် ပရိုတင်း များများစားလိုက်ရင် အစာမကြေဖြစ်ကာ အိပ်မပျော်နိုင်လို့ပါ။ ဗိုက်ဆာဆာနဲ့ အိပ်ရာဝင်ရင်လည်း အိပ်မပျော်တာမျိုး ဖြစ်တတ်တာကြောင့် ညစာမှာ ပရိုတင်းပါတဲ့ အစာ အနည်းငယ်ကို စားပေးသင့်ပါတယ်။

အိပ်ရာမဝင်ခင် ရှောင်သင့်သော အရာများ

ဟင်းခတ် အမွှေးအကြိုင်ကဲတဲ့ အစားအစာတွေ၊ ကဖင်းဓာတ်နဲ့ အယ်လ်ကိုဟောတို့ကို အိပ်ရာမဝင်ခင် ရှောင်ပါ။ ဟင်းခတ် အမွှေးအကြိုင် ကဲတဲ့ အစားအစာတွေက အိပ်မပျော်တာ၊ အိပ်ရင်း ရင်ပူတာကြောင့် လန့်နိုးတာတွေ ဖြစ်စေနိုင်ပါတယ်။ ကဖင်းဓာတ်ကလည်း သောက်ပြီး အချိန်ခြောက်နာရီလောက်အထိ ခန္ဓာကိုယ်တွင်း စနစ်ထဲမှာ ရှိနေတာကြောင့် အားနည်းတာကို ဖြစ်စေနိုင်ပါတယ်။ အယ်လ်ကိုဟောကတော့ သောက်ပြီးချိန်မှာ အိပ်ပျော်စေပေမယ့် နောက်ပိုင်း အနားရစေတဲ့ အိပ်စက်မှုစက်ဝန်းကို ထိခိုက်စေပါတယ်။ ဒါကြောင့် အရက်နာကျတဲ့ ဝေဒနာကို နံနက်ခင်းမှာ ခံစားရတာ ဖြစ်ပါတယ်။ အိပ်ရာမဝင်ခင်မှာ ရေကိုလည်း များများ မသောက်သင့်ပါ။ ရေသောက်များရင် အိမ်သာသွားချင်စိတ်ကြောင့် ညမှာ လန့်နိုးနေနိုင်ပါတယ်။  

ကြယ်စင်
By Good Health Originally posted 23/08/2011 15:47PM
Shared from http://news.yatanarpon.com.mm/cp/goodhealth/article-32246

သွေးတိုး/သွေးတက်နေသလား ဒန့်သလွန်ရွက်ကိုစား

ဒန့်သလွန်ပင်သည် မြန်မာပြည်၌ ဘယ်မြို့ ဘယ်ရွာ၌မဆို ရှာလို့ရသည်။ မြန်မာလူမျိုးတိုင်း ဒန့်သလွန်ရွက်နှင့် ဒန့်သလွန်သီးကို နှစ်ခြိုက်စွာစားသုံးလေ့ရှိသည်။
ဒန့်သလွန်သီးနှင့် ဒန့်သလွန်ရွက်သည် လူသားတို့ စားသုံးသည့် အာဟာရရှုထောင့်မှ ကြည့်ရှုပါလျှင် ကုံလုံကြွယ်ဝသည့် အာဟာရဓာတ်များ ပါဝင်နေသည်။

အစာလည်းဆေး၊ ဆေးလည်းအစာ-ဟု နရသုခိ ဆရာမြတ်က ဖွင့်ဆိုထားပါသည်။
ထိုစကားသည် အလွန်မှန်ပါသည်။
စားတတ်လျှင်ဆေး၊ မစားတတ်လျှင်ဘေး-ဟူသော မြန်မာ့ရိုးရာ စကားပုံမှာလည်း အစာလည်းဆေး၊ ဆေးလည်းအစာ-ဟူသော နရသုခိ ဆရာမြတ်၏ မိန့်ဆိုချက်နှင့် တသားတည်းကျနေသည်ကို တွေ့ရှိရပါသည်။

ဒန့်သလွန်ရွက်နှင့် ဒန့်သလွန်သီး၏ ထူးခြားချက်မှာ ငယ်ရွယ်သော ကလေးများမှသည် သက်ကြီးရွယ်အိုများအထိ တည့်သောအစားအစာအဖြစ် တွေ့ရှိရပါသည်။
ထို့အပြင် သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချို, သွေးချိုရောဂါ၊ လေငန်းရောဂါရှင်များနှင့်လည်း ဒန့်သလွန်သီးနှင့် အရွက်မှာ တည့်သောဓာတ်စာဖြစ်ပါသည်။

ထိုနည်းတူ ဒန့်သလွန်သီး-ရွက်တို့သည် ဝမ်းမီးအား နည်းသူများ၊ ဝမ်းမီးအား အလယ်အလတ်ရှိသူများ၊ ဝမ်းမီးအား ကောင်းသူများနှင့်လည်း တည့်သောအစာဖြစ်ပါသည်။
ဤသို့ ဆေးဖက်လည်းဝင်၊ လူ့အာဟာရအတွက် အလွန်ကျေးဇူးပြုသော ဒန့်သလွန်သီး-ရွက်တို့ကို လူအများက အထင်မကြီးကြပါ။ ဒီဇိုင်းလှလှလေးများဖြင့် ကြော်ငြာကာ ရောင်းချသော ဆေးဝါးများကိုသာ အထင်ကြီးစွာ ဝယ်ယူစားသုံးကြပါသည်။

ခေတ်မီသော ဆေးဝါးများသည် စားသုံးသူတို့အား အကျိုးပြုသလို တခါတရံ စားသုံးသူများကို ဆိုးကျိုးများ ပေးလေ့ရှိပါသည်။ ဒန့်သလွန်သီးရွက်တို့မှာ မည်သည့်အခါ စားသုံး စားသုံး လူသားတို့ ကျန်းမာချမ်းသာရေးအတွက် ထာဝရအကျိုးပြုလျက်ရှိပါသည်။

ဤသို့အကျိုးပြုသော နွယ်မြက်သစ်ပင်သာ လူသားတို့အတွက် တန်ဖိုးရှိပါသည်။ အလေးအမြတ် ထားသင့်ပါသည်။
မြန်မာ့ဆေးပညာတွင် ယေဘုယျအားဖြင့် အောက်ပါနည်းနာတို့ကို သုံးစွဲပါသည်။
ပူလျှင် အေးအောင် လုပ်ပေးကြသည်။
အေးသူကို ပူအောင်လုပ်ပေးကြသည်။
သွေးတက်သူကို သွေးသက်အောင် လုပ်ပေးရသည်။
အပွင့်လွန်သူကို ပိတ်အောင် လုပ်ပေးရပါသည်။
ပိတ်ဖွဲ့နေသူကို ဖွင့်ပေးရပါသည်။

သွေးတိုးနေခြင်းမှာ သွေးတက်နေခြင်းဖြစ်သည်။ ထိုတက်နေသောသွေးကို သက်အောင်ပြုလုပ်ရမည်ဟူ၍ တိုင်းရင်းဆေးပညာ၌ ဥပဒေသရှိပါသည်။ ထို့ကြောင့် သွေးတိုး၊ သွေးတက်ခြင်း ရောဂါဝေဒနာအတွက် ထိုတက်သောသွေးကို အောက်သို့သက်လျောအောင် ချပေးရပါမည်။ ထိုသို့ သွေးတက်ကြခြင်းမှာ မတည့်သော အစားအစာများကို စားမိခြင်းများသောကြောင့် ရောဂါဝေဒနာ ရရှိလာခြင်းဖြစ်ပါသည်။

ထိုရောဂါဝေဒနာအတွက် ဒန့်သလွန်ရွက်သည် အလွန်ပင်အကျိုးပြုလှသည်။ သွေးတိုးဝေဒနာရှင်များ၊
သွေးတက်ဝေဒနာရှင်များ နေ့စဉ် (သို့) ရက်ခြား ဒန့်သလွန်ရွက်ကို ဟင်းခါး, ဟင်းချို အဖြစ်၎င်း, တို့စား သုပ်စား ပေးသွားပါက တိုးနေသောသွေများကျ၍ သွေးတိုးခြင်းဝေဒနာမှ သက်သာသွားမည်ဖြစ်သည်။

အထူးသဖြင့် သွေး၌ ကိုလက်စထရောများခြင်း၊ သွေးပျစ်ခဲခြင်းတို့ကို ဒန့်သလွန်ရွက်သည် အန္တရာယ်ကင်းစွာ အကျိုးပြုပါသည်။
*****

နှာစေးခြင်း၊ နှာမွှန်ခြင်း---
နှာစေးခြင်း နှာမွှန်ခြင်းများ ဝေဒနာမှာ အအေးပတ်ဖွဲ့ခြင်းကြောင့်၎င်း၊ အခိုးများ ပိတ်ဖွဲ့နေခြင်းကြောင့်၎င်း
ဖြစ်တတ်ကြပါသည်။
ထိုသို့ နှာစေး နှာမွှန်ခြင်းများ ဖြစ်နေပါလျှင် ဒန့်သလွန်ရွက်ကို ဟင်းခါးချက်သောက်ခြင်း၊ တို့စား သုပ်စားခြင်းဖြင့် ပျောက်ကင်းနိုင်ပါသည်။ ဒန့်သလွန်ရွက်တွင် ခေတ်မီသိပ္ပံနည်းအရ အေဒီဗစ်ဓာတ်များပါသည်။ ထို့ကြောင့် နှာစေး နှာမွှန်ခြင်းများ
ပျောက်ကင်းပါသည်။

သို့မဟုတ် ဒန့်သလွန်ခေါက်ကိုခွါပြီး အဝတ်သန့်သန့်ဖြင့်  ထုချေပြီး နာနာရှူပေးပါကလည်း ခေါင်းမူးခြင်း၊
ခေါင်းအုံကိုက်ခဲခြင်း၊ နှာစေး နှာမွှန်ခြင်းတို့ကို ပျောက်ကင်းနိုင်သည်။
*****


သွေးသားမမှန်ခြင်းအတွက်---
ဒန့်သလွန်မြစ် တဆယ်သားခန့်ကို တူးပြီး ရေဆေးကာ ထန်းလျက်သုံးခဲဖြင့် ရေကျိုပါ။ သုံးခွက်တခွက်တင် ကျန်လျှင်ချ၍ ဆားအနည်းငယ်ခတ်ထည့်ကာ မနက် လက်ဖက်ရည်အကြမ်းပန်းကန် တလုံး၊ ည တလုံးခန့်
သောက်ပေးသွားခြင်းဖြင့် သွေးသားမှန်ပြီး မအိုသေးသူများ အပျိုကလေးအလား ဖြစ်လာပါမည်။
*****


အာဟာရဓာတ်ပြည့်စုံသော ဒန့်သလွန်သီး---
ဒန့်သလွန်မြစ်၊ ဒန့်သလွန်ပင်၏ အခေါက်၊ ဒန့်သလွန်သီးရွက်တို့သည် ဆေးဖက်ဝင်လှပြီး အာဟာရဓာတ်လည်း ပြည့်စုံစွာပါဝင်သည်။
ဒန့်သလွန်ရွက် နှစ်ကျပ်ခွဲသားခန့် စားသုံးခြင်းသည် အစားအသောက်ပျက်ခြင်း၊ ကြွက်သားများ အားပျော့ခြင်း၊
သွေးအားနည်းခြင်း၊ သွားဖုံးများ သွေးယိုခြင်း၊ သွားနဲ့ခြင်း၊ အရိုးများကျိုးလွယ်ခြင်းတို့ကို ကာကွယ်ပေးပါသည်။
(ခေတ်မီဆေးပညာ)


ဒန့်သလွန်သီး၌ ပရိုတိန်းဓာတ်၊ အဆီဓာတ်နှင့် သတ္ထုဓာတ်၊ မီးစုန်းဓာတ်၊ သံဓာတ်များ ကုံလုံကြွယ်ဝစွာ ပါဝင်သည်ဟု အာဟာရသုတေသနဌာနမှ ဖွင့်ဆိုထားပါသည်။
အထူးသဖြင့် ဒန့်သလွန်သီးနှင့် ငါးရံ့ခေါင်းချဉ်ရည်ဟင်းကို နေ့စဉ်စားသုံးပေးခြင်းဖြင့် ပန်းသေ ပန်းညှိုးရောဂါကို ပျောက်ကင်းနိုင်ပါသည်။

*****

ဒန့်သလွန်ပွင့် အားဆေး---
ပရန္နဝါ ပါးပါးလွှာ
သကာပျားနှင့်ဖက်၊
ဒန့်သလွန်ပွင့် အုန်းဆံရင့်၊
ချိန်သင့်ညီမျှစွက်၊
မင်းတုန်းမင်းခေါင် သူသုံးဆောင်၊
စားမောင် ညဥ့်/နံနက်။

အထက်ပါ အားဆေးကို ဒန့်သလွန်ပွင့်ဖြင့် ဖော်စပ်ထားသည်။ ထိုအားဆေးကို ရှေးက မင်းတုန်းမင်းကြီးပင် ဖော်စပ်စားကြောင်း စပ်ဆိုသီကုံးထားပါသည်။

ဒန့်သလွန်ပင်သည် ကျွန်မတို့နိုင်ငံတွင် အလွန်ပေါများသော ဆေးဖက်ဝင်အပင် ဖြစ်သည်။
အစာလည်း ဆေး- ဆေးလည်း ဟူသော စကားအရ၄င်း၊ စားတတ်လျှင် ဆေး-ဟူသော စကားအရ၄င်း ဒန့်သလွန်သီးရွက်တို့သည် လူသားတို့အား ထာဝရအကျိုးပြုလျက်ရှိသည်။


ထို့ကြောင့် သွေးတိုး။ သွေးတက်ဝေဒနာရှင်များ၊ မီးယပ်သွေး မမှန်သူများ၊ ပန်းသေ ပန်းညှိုး ဝေဒနာရှင်များ၊ အားအင်လိုအပ်နေသူများ ဒန့်သလွန်ကို နေ့စဉ်စားသုံးသင့်ပါသည်။

ထိုသို့ စားသုံးပေးသွားခြင်းဖြင့် ငွေကြေးလည်း အကုန်အကျသက်သာမည်။ ဘေးထွက်ဆိုးကျိုးဟူသော
ဆေးဝါး၏ အနိဋ္ဌာရုံများနှင့်လည်း ကင်းဝေးစေနိုင်ပါသည်။
ဒန့်သလွန်ပင်၏ စွမ်းပကားများမှာ အံ့မခန်းနိုင်စရာပင် ဖြစ်တော့သည်။

မဝေဝေနွယ် (တိုင်းရင်းဆေး)
ကျမ်းကိုး။ ။ လက်တွေ့အသုံးဝင် ရိုးရာဆေးပင်နှင့် ဆေးနည်းများ (မောင်ယဉ်နွယ်)။
(ဂမ္ဘီရ ၂၀၀၄-၇)
Shared from http://www.mawluu.com/2011/10/blog-post_2058.html

လေဖြတ်နိုင်ခြေကို လျှော့ချပေးသော နည်းကိုးနည်း

၁) အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်စားပါ

အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ ဒါမှမဟုတ် ကောက်နှံ တစ်ခုလုံး၊ ဖရုံစေ့၊ ကော်ဖီနဲ့ အစေ့အဆန်တွေမှာ မဂ္ဂနီဆီယမ်တွေ များစွာ ပါဝင်ပါတယ်။ မဂ္ဂနီဆီယမ်က သွေးပေါင်ကို ကျဆင်းစေပြီး လေဖြတ်နိုင်ခြေကို လျှော့ချပေးတယ်လို့ ပညာရှင်တွေက ပြောပါတယ်။ ဒါ့အပြင် ထပ်ဆောင်း အာနိသင် အနေနဲ့ မဂ္ဂနီဆီယမ်ကို လုံလောက်စွာ စားသုံးပါက ခေါင်းတစ်ခြမ်းကိုက်တာကိုပါ ကာကွယ်နိုင်ပါတယ်။

၂) အိပ်ရေးဝဝ အိပ်စက်ပါ

မအိပ်ခင်မှာ နွားနို့ပူပူ တစ်ခွက်သောက်တာ၊ အခန်းတွင်းမှာ စံပယ်ရနံ့သင်းတဲ့ ဖယောင်းတိုင် ထွန်းညှိထားတာတွေက သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။ အိပ်နေပေမယ့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာက လေဖြတ်နိုင်ခြေ များစေပါတယ်။ အမျိုးသားတွေ အနေနဲ့ မအိပ်ခင်မှာ စံပယ်ပန်းရနံ့ကို ရှူရှိုက်ရတာက မြန်မြန် အိပ်ပျော်စေပါတယ်။

၃) သွားတိုက်တံကို ပိုးသန့်စင်ပါ

သွားတိုက်တံကြားထဲမှာ ခိုအောင်းနေတဲ့ ဘက်တီးရီးယားတွေက နှလုံးသွေးကြောကို ထူစေပါတယ်။ ဒါဟာ လေဖြတ်တာကို ဖြစ်စေနိုင်တယ်လို့ ကိုလံဘီယာ တက္ကသိုလ်မှ ပညာရှင်တွေက ဆိုပါတယ်။ သွားတိုက်ပြီးတဲ့အခါ သွားတိုက်တံကို ဆေးကြောပြီးနောက် ပိုးသတ်အာနိသင်ရှိတဲ့ ခံတွင်းသန့်စင်ဆေးရည်ထဲကို နှစ်ထားပေးပါ။

၎) နားကြပ်ဖြင့် ဖုန်းပြောပါ

သင်ဖုန်းပြောဖို့ လက်မအားတာကြောင့် ပခုံးနဲ့ညှပ်ပြီး ဖုန်းပြောတာက ကျောရိုးအာရုံကြောမကြီးကို ဖိအား သက်ရောက်စေတာကြောင့် လေဖြတ်နိုင်ခြေ ဖြစ်စေတယ်လို့ ဦးနှောက်နဲ့ အာရုံကြော ဆေးပညာဂျာနယ်မှာ ဖော်ပြပါရှိပါတယ်။

၅) နေ့စဉ် နို့သောက်ပါ

အဆီထုတ်ထားတဲ့ နို့ကို တစ်နေ့ နှစ်ခွက်-သုံးခွက် နေ့စဉ် သောက်ပေးတာက လေဖြတ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ အင်္ဂလန်မှ ပညာရှင်တွေက ပြောပါတယ်။ သင်က အစားလျှော့စားနေဖြစ်ပါက အဆီထုတ်ထားတဲ့ နို့သောက်တာက ကယ်လိုရီကို လျှော့ချရာလည်း ရောက်ပါတယ်။ နို့သောက်တာက လေဖြတ်နိုင်ခြေကို လျှော့ချနိုင်တဲ့အပြင် ကြွက်သား တည်ဆောက်မှုကိုလည်း အားပေးပါတယ်။

၆) ဆယ်လ်မွန်ငါး ပိုစားပါ

အဆီများတဲ့ ဆယ်လ်မွန်ငါးကို တစ်ပတ်မှာ သုံးကြိမ်ထက် ပိုစားပေးတာက လေဖြတ်တာကို ဦးတည်စေတဲ့ ဦးနှောက်ရဲ့ ထိခိုက်မှုကို လျော့နည်းစေတယ်လို့ အမေရိကန်မှ သုတေသီတွေက ပြောပါတယ်။ ဆယ်လ်မွန်ငါးမှာ ဦးနှောက်အာရုံကြောတွေကို ကောင်းမွန်စေတဲ့ အိုမီဂါ-၃ အဆီ ပါဝင်တာကြောင့်ပါ။

၇) ဒေါသကို ထိန်းချုပ်ပါ

မကြာခဏ ဒေါသဖြစ်တာက လေဖြတ်နိုင်ခြေကို နှစ်ဆတိုးစေပါတယ်။ သင်က သင့်ဒေါသကို မထိန်းချုပ်နိုင်ပါက DHA ကို ဖြည့်စွက် သောက်သုံးပါ။

၈) ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်ဖြတ်လိုက်တာတောင် နောင် ၁၅ နှစ်အတွင်းမှာ လေဖြတ်တာနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေ ရှိနေပါသေးတယ်။ ဆေးလိပ်ဖြတ်လိုက်တာကြောင့် ပထမဆုံး ရနိုင်တဲ့ အကျိုးကျေးဇူးကတော့ ဆေးလိပ်ဖြတ်ပြီး ရှစ်နာရီအတွင်းမှာ ခန္ဓာကိုယ်တွင်းမှာ ကာဗွန်မိုနောက်ဆိုက်တွေ လျော့နည်းသွားပြီး သွေးတွင်းမှာ အောက်ဆီဂျင် ပမာဏ မြင့်တက်လာစေပါတယ်။ ဆေးလိပ်ဖြတ်ပြီး နှစ်ရက်အတွင်း နှလုံးတိုက်ခိုက်ခံရနိုင်ခြေကို လျှော့ချနိုင်ပြီး သုံးရက်အတွင်းမှာ စွမ်းအင် ပြည့်ဝလာကာ အသက်ရှူရတာလည်း ပိုမို လွယ်ကူလာပါတယ်။

၉) မျက်လုံးကို ပုံမှန် စစ်ဆေးမှု ပြုလုပ်ပါ

မျက်လုံးဆိုတာ ခန္ဓာကိုယ်ရဲ့ကျန်းမာရေး အခြေအနေကို ဖော်ပြနိုင်တဲ့ ပြတင်းပေါက်တွေပါ။ အမြင်အာရုံနဲ့ ပတ်သက်ပြီး ထွေထွေထူးထူး မရှိခဲ့ရင်တောင် ပုံမှန် စစ်ဆေးမှုကို ပြုလုပ်သင့်ပါတယ်။ မျက်လုံးရဲ့ မြင်လွှာသွေးကြောအတွင်း ပြုတ်ထွက်လာတဲ့ သွေးခဲစ တစ်ခုခုကို တွေ့မိပါက လေဖြတ်နိုင်ခြေအတွက် အရေးကြီးတဲ့ သတိပေးလက္ခဏာအဖြစ် သိရှိနိုင်တာကြောင့်ပါ။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
By Good Health
Shared from http://news.yatanarpon.com.mm/news/news-51250

သဘာဝထဲက အာဟာရ၊ အာဟာရထဲက ကျန်းမာခြင်း (ရွှေဖရုံသီး အစေ့)

ရွှေဖရုံသီး အစေ့

ရွှေဖရုံသီးစေ့ဆိုတာ ကျွန်တော်တို့ နိုင်ငံမှာ ဈေးလည်းမကြီး၊ ရှားလည်းမရှားတဲ့ သဘာဝ အစားအသောက် တစ်မျိုးပါ။  ရွှေဖရုံသီးစေ့ကို လှော်ပြီး အခွံခွာ ဒီအတိုင်းစားကြသလို မြန်မာ့ရိုးရာ လက်ဖက်သုပ်၊ ချင်းသုပ်ထဲ ရောစားကြလေ့ရှိပါတယ်။ ရွှေဖရုံသီးစေ့သာမက ဖရုံစေ့အနက် ဆိုတာလည်း လူကြိုက်များတဲ့ စားစရာ တစ်မျိုးပါပဲ။ ဒီလိုကျွန်တော်တို့ လက်တစ်ကမ်းက သဘာဝ အစားအသောက်တွေရဲ့ အရသာရှိခြင်းထက် အများကြီး ပိုတန်ဖိုးကြီးမားလွန်းတဲ့ အာနိသင်တွေကို သိရှိစေဖို့ The Voice Weekly စာမျက်နှာများမှ အလျဉ်းသင့်သလို ရေးသား ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ရောဂါ တစ်ခုချင်း အသေးစိတ် ဆောင်းပါးတွေ ဆက်တိုက် တင်ဆက်လာရာမှ တစ်ပတ်ခြား၊ နှစ်ပတ်ခြား အပြောင်းအလဲလေးတွေ အနေနဲ့ သဘာဝထဲက အာဟာရ၊ အာဟာရထဲက ကျန်းမာခြင်း ကဏ္ဍများ တင်ဆက်ခြင်းကို နှစ်ခြိုက်ကြမယ်လို့ မျှော်လင့်ပါတယ်။

ရွှေဖရုံသီးစေ့၏ ကျန်းမာရေးအပေါ် ထူးခြားစွာ အကျိုးပြုသော အာနိသင် (၁၁) ခု

(၁) ဆီးကျိတ်ရောဂါများ ကာကွယ်နိုင်ခြင်း

ရွှေဖရုံသီးစေ့ထဲမှာ ပါတဲ့ သဘာဝ အာဟာရ ဒြပ်ပေါင်းတွေဟာ ဆီးကျိတ်ကျန်းမာရေးကို စောင့်ရှောက်ပေးနိုင်ပြီး အသက် ၅၀ ကျော် အမျိုးသား ဆယ်ဦးမှာ သုံးဦး ခံစားရလေ့ရှိတဲ့ ဆီးကျိတ်ကြီးရောဂါ (Benign Prostate Hypertrophy, BPH)၊ အဲဒီကနေတစ်ဆင့် ဆက်ဖြစ်သွားတတ်တဲ့ ဆီးကျိတ်ကင်ဆာ (Prostate Cancer) ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဆီးကျိတ်ကြီးရောဂါ ခံစားနေရသူတွေမှာလည်း ဆီးသွားရခက်တဲ့ ပြဿနာကို လျှော့ချပေးနိုင်တာ တွေ့ရပါတယ်။

(၂) ဆီးအိမ်၏ လုပ်ငန်းစွမ်းဆောင်ရည်ကို တိုးတက်စေခြင်း

ဆီးအိမ်ရဲ့ အညစ်အကြေး စွန့်ထုတ်နိုင်မှုကို ကောင်းမွန်စေလို့ ဆီးအိမ်ကင်ဆာ ကင်းဝေးရေးပါ အကျိုးပြုပါတယ်။

(၃) အမျိုးသား သဘာဝ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်း

အမျိုးသားကော အမျိုးသမီးပါ လိင်မှုကိစ္စ ပုံမှန်စိတ်ဝင်စားဖို့၊ စွမ်းဆောင်နိုင်ဖို့ ဇင့် (Zinc) နဲ့ အခြားသော အမိုင်နိုအက်ဆစ်များ လိုအပ်ပါတယ်။ ဒီလိုအပ်ချက်တွေကို ဖြည့်ဖို့ ဖရုံစေ့ဟာ အတော်လေးကောင်းတဲ့ စားသောက်ဖွယ်ရာ တစ်ခု ဖြစ်ပါတယ်။

(၄) စိတ်ကျရောဂါကို ကာကွယ်ပေးခြင်း

ရွှေဖရုံသီးအစေ့ဟာ L-Tryp-tophan  လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်ဓာတ် ကြွယ်ဝတာမို့ စိတ်ကျရောဂါဝင်လာခြင်းကို ကောင်းကောင်း တားဆီးပေးနိုင်ပါတယ်။

(၅) အရိုးပွရောဂါကို ကာကွယ်ပေးခြင်း

ဇင့်ဟာ ခန္ဓာကိုယ်ရဲ့ အရေးကြီးသော ပုံမှန်ဇီဝဖြစ်စဉ်ကြီး ၇ ခုမှာ အရေးပါသော ဓာတ်ကူပစ္စည်း အနေနဲ့ပါသလို အရိုးတည်ဆောက်ရာမှာလည်း မထင်ရှားပေမယ့် အရေးကြီးသော အခန်းကဏ္ဍက ပါဝင်ပါတယ်။ အရိုးပွခြင်းကို ကာကွယ်ဖို့ ကယ်လ်စီယမ်နဲ့ ဗင်တာမင်ဒီတွေချည်းပဲ စားနေလို့ မရဘဲ ဇင့်ပါ ပါဝင်အောင် စားသုံးပေးရပါမယ်။ ဖရုံသီးစေ့များဟာ ဇင့် (Zinc) ခေါ် သွပ်ဓာတ် ကြွယ်ဝပါတယ်။

(၆) သဘာဝ အရောင်ကျဆေး

ရွှေဖရုံသီး အစေ့ များများစားပေးရင် ရောင်ယမ်းနာကျင်မှုကို အတိုင်းအတာ တစ်ခုအထိ လျှော့ချပေးနိုင်ကြောင်း သုတေသနများစွာအရ သိရပါတယ်။

(၇) ဆီးကျောက်တည်ခြင်းကို ကာကွယ်ခြင်း

ဖရုံသီး အစေ့ထဲမှာ ဆီးကျောက်ရဲ့ အဓိက ကုန်ကြမ်းဖြစ်တဲ့ ကယ်လ်စီယမ်အောက်ဇဲလိတ် (Calcium Oxalate) အနည်ကျ ဖွဲ့တည်ခြင်းကို တားဆီးနိုင်တဲ့ ဒြပ်ပေါင်းများ ပါဝင်ကြောင်း လေ့လာမှုများအရ သိရပါတယ်။

(၈) သန်ကောင်နှင့် ကပ်ပါးကောင်များကို နိုင်နင်းခြင်း

ရွှေဖရုံသီး အစေ့ကို သန်ကျဆေး၊ သန်သေဆေး အဖြစ် အသုံးပြုနိုင်ပါတယ်။ ကမ္ဘာအရပ်ရပ်က အချို့သော တိုင်းရင်းသားတွေမှာ သန်ချဆေးအဖြစ် ကြိတ်ချေပြီး သဘာဝအတိုင်း သုံးကြတာမျိုး ရှိပါတယ်။ ဒါ့အပြင် မသန့်ရှင်းတဲ့ရေ သောက်သုံးခြင်း၊ ထိတွေ့ခြင်းနဲ့ ခရုတွေဆီက ကူးစက်တတ်တဲ့ Schistosomiasis ခေါ် အပြင်းဖျား ကပ်ပါးရောဂါမျိုးကိုလည်း သဘာဝအတိုင်း နှိမ်နင်းနိုင်တဲ့ အာနိသင်ရှိနေလို့ ဆေးဝါး အနေနဲ့ အသုံးချနိုင်အောင် ဆက်လက်လေ့လာမှုများ ပြုလုပ်နေကြပါတယ်။ ဒါကြောင့် လိုရင်းပြောရရင်တော့ ရွှေဖရုံသီးစေ့ဟာ ကပ်ပါးပိုးကူးစက်မှုများ (Parasitic Infections) အတွက် ကိုယ်ခံအားကို မြှင့်ပေးနိုင်ပါတယ်။

(၉) ကြီးမားသော မဂ္ဂနီစီယမ် ဓာတ်ရင်းမြစ် တစ်ခု

ဖရုံစေ့ လက်တစ်ဆုပ်စာလောက်မှာ အရွယ်ရောက်ပြီးသူ တစ်ယောက် နေ့စဉ်လိုအပ်တဲ့ မဂ္ဂနီစီယမ် သတ္တုဓာတ်ရဲ့ ၉၂ ရာခိုင်နှုန်းလောက် ပါဝင်လို့ အာဟာရကောင်း တစ်ခုလို့ ဆိုနိုင်ပါတယ်။ မဂ္ဂနီစီယမ်ဟာ အရိုးနဲ့ သွားတွေ ကျန်းမာကြံ့ခိုင်ဖို့၊ အာရုံကြောအဖွဲ့ ပုံမှန်ကောင်းမွန်ဖို့၊ စွမ်းအင်ထုတ်ဖို့အတွက် အရေးကြီးစွာ လိုအပ်ပြီး ယနေ့ခေတ်မှာ မဂ္ဂနီစီယမ် ချို့တဲ့မှု ပိုများလာတာကို လေ့လာတွေ့ရှိရလို့ Fast Food ခေါ် အသင့်စား၊ အမြန်စာတွေကို စားသုံးမှုများသူတွေ သတိပြုသင့်တဲ့ အချက်တစ်ခုပါပဲ။

(၁၀) မကောင်းသော ကိုလက်စထရော ကျစေခြင်း

ဖရုံစေ့ထဲမှာ Phytosterol ခေါ် အပင်ထွက် အဆီဓာတ် တစ်မျိုး ပါဝင်ပါတယ်။ ၎င်းဟာ သွေးထဲက LDL ခေါ် မကောင်းတဲ့ ကိုလက်စထရော အဆီဓာတ် ပမာဏကို လျှော့ချပေးနိုင်ပါတယ်။ ဒါဟာ ဖရုံသီးစေ့သာမက အခွံမာသီးအဆံများမှာလည်း ဒီအာနိသင် ရှိပါတယ်။

(၁၁) ကင်ဆာရောဂါများ ကာကွယ်ပေးခြင်း

Phytosterol ဟာ ကိုလက်စထရော ကျဆင်းစေလို့ ကိုလက်စထရောကြောင့် ဖြစ်ရတဲ့ ကင်ဆာ အတော်များများ (ဥပမာ - ရင်သားကင်ဆာ) ကို ကာကွယ်ပေးနိုင်တဲ့ အာနိသင် ရှိပါတယ်။

အထက်ပါ ကျန်းမာရေး အာနိသင်ကောင်းများ ရရှိဖို့ ဖရုံစေ့ကို မကြာခဏ စားသုံးပေးသင့်ကြောင်း ဖော်ပြပေးလိုက်ပါတယ်။

ဆက်ပိုင်လင်းခန့် (ဆေး-၂)
By The Voice Weekly
Shared from http://news.yatanarpon.com.mm/news/article-49379

ကြက်မောက်သီး၏ ကျန်းမာရေးစွမ်းပကား


ကြက်မောက်သီးအခွံက အနီရောင်ရှိပြီး အထဲက အသီးအနှစ်ဟာ အဝါရောင်သန်းနေပြီး အရသာအနေနဲ့ ချိုမြပါတယ်။ ကြက်မောက်သီး တစ်ခွက်စာ ပမာဏမှာ ကယ်လိုရီ ၁၂၃၊ အဆီ ၀ ဒသမ ၃ ဂရမ်၊ ဆိုဒီယမ် ၁၇ မီလီဂရမ်၊ ကာဗိုဟိုက်ဒရိတ် ၃၁ ဒသမ ၃ ဂရမ်၊ အမျှင်ဓာတ် ၁ ဒသမ ၄ ဂရမ်၊ ပရိုတင်း တစ်ဂရမ်တို့ ပါဝင်ကြပြီး ကိုလက်စထရောနဲ့ ပြည့်ဝဆီတို့ ပါဝင်မှု မရှိပါဘူး။ ဒီလို အာဟာရတန်ဖိုးတွေ ပါဝင်တဲ့ ကြက်မောက်သီးကို စားပေးရင် အောက်ပါ ကျန်းမာရေးစွမ်းပကားတွေကို ရရှိစေပါတယ်။

- ကြက်မောက်သီးမှာ သကြားဓာတ်၊ အထူးသဖြင့် ဖရက်တို့စ်နဲ့ ဆူးခရို့စ်တို့ များစွာ ပါဝင်ပြီး ကယ်လိုရီပါဝင်မှု နည်းပါတယ်။ ပျမ်းမျှအားဖြင့် ကြက်မောက်သီး တစ်လုံးမှာ ကယ်လိုရီ ၆၀ လောက်ပဲ ပါဝင်ပါတယ်။ ကြက်မောက်သီးမှာ ဗီတာမင်စီ များစွာ ပါဝင်ပြီး ပိုတက်စီယမ်၊ သံဓာတ်၊ ဘီတာကယ်ရိုတင်း (ဒါမှမဟုတ်) ဗီတာမင်အေ၊ ကယ်လ်စီယမ်နည်းနည်း၊ မဂ္ဂနီဆီယမ်၊ သွပ်(ဇင့်)၊ ဆိုဒီယမ်၊ နိုင်ယာစင်၊ အမျှင်ဓာတ်နဲ့ ပရိုတင်းဓာတ်တို့ ပါဝင်ပါတယ်။


- ကြက်မောက်သီးကို မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတွေမှာ ရိုးရာဆေးတစ်လက်အဖြစ် နှစ်ရာပေါင်းများစွာကပင် ဆီးချိုရောဂါ၊ သွေးတိုးရောဂါနဲ့ တခြား နာမကျန်းမှုပေါင်း များစွာကို ကုသရာမှာ အသုံးပြုခဲ့ကြပါတယ်။

- ကြက်မောက်သီးမှာ ဗီတာမင်စီနဲ့ ဘီတာကယ်ရိုတင်းတို့ များစွာ ပါဝင်တဲ့အပြင် ဖလေဗိုးနွိုက်လို့ခေါ်တဲ့ အပင်ထွက် အင်တီအောက်ဆီးဒင့်လည်း ပေါများစွာ ပါဝင်ပါတယ်။ ဖလေဗိုးနွိုက်ဟာ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေပြီး ကင်ဆာဆန့်ကျင်ဂုဏ်သတ္တိနဲ့ ရောင်ရမ်းမှု လျော့ကျစေတဲ့ ဂုဏ်သတ္တိတို့လည်း ရှိပါတယ်။

- ကြက်မောက်သီး အရေခွံမှာ Gallic acid ပါဝင်ပြီး ခန္ဓာကိုယ်တွင်းမှာ ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်မှုတွေ မဖြစ်အောင်  ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ကင်ဆာရောဂါ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ အင်တီအောက်ဆီးဒင့် အစွမ်းကြောင့် ကြက်မောက်သီး Extract ကို ဆေးဝါး ဒါမှမဟုတ် ဖြည့်စွက်ဆေး တစ်မျိုးအဖြစ် အသုံးပြုနိုင်ပါတယ်။

- ကြက်မောက်သီးမှာ ဗီတာမင်စီ များစွာ ပါဝင်ပါတယ်။ ကြက်မောက်သီး ၁၀- ၁၂ လုံးမှာ အက်စ်ကောဗစ်အက်စစ် (Ascorbic Acid) ၇၅-၉၀ မီလီဂရမ် ပါဝင်ပြီး လူတစ်ယောက် တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်စီထက် နှစ်ဆကျော် ရှိပါတယ်။ ဗီတာမင်စီဟာ ခန္ဓာကိုယ် ဆဲလ်တွေကို ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်မှုမှ ကာကွယ်ပေးနိုင်ပြီး သံဓာတ် စုပ်ယူနိုင်အောင် ကူညီပေးပါတယ်။

- ကြက်မောက်သီးမှာ သွေးနီဥနဲ့ သွေးဖြူဥတွေ ပြုလုပ်ရေးအတွက် လိုအပ်တဲ့ ကြေးနီဓာတ် အနည်းငယ် ပါဝင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်က အင်ဇိုင်းတချို့ ထုတ်လုပ်ရေးအတွက် လိုအပ်တဲ့ မဂ္ဂနိစ်လည်း လိုအပ်ပါတယ်။

- ကြက်မောက်သီးရဲ့ လုပ်ငန်းဆောင်တာ တစ်ခုကတော့ သံဓာတ်အရင်းအမြစ်  ကောင်းကောင်း ရရှိစေတာပဲ ဖြစ်ပါတယ်။ စားတဲ့အထဲမှာပါတဲ့ သံဓာတ်ဟာ ခန္ဓာကိုယ်တွင်း အောက်ဆီဂျင် မှန်ကန်တဲ့ အတိုင်းအတာရအောင် ကူညီပေးနိုင်ပြီး သွေးအားနည်းတာကြောင့် မူးဝေတာ၊ နုံးချည့်ပင်ပန်းတာနဲ့ ဖျော့တော့နွမ်းနယ်တာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

- ကြက်မောက်သီး တစ်ခွက်စာ ပမာဏကို စားတဲ့အခါ တစ်နေ့တာ လိုအပ်တဲ့ ဖော့စ်ဖရပ်စ်ရဲ့ ၄ ဒသမ ၃ ရာခိုင်နှုန်းကို ရရှိစေပါတယ်။ ဖော့စ်ဖရပ်စ်ဟာ ကျောက်ကပ်ထဲက အညစ်အကြေးနဲ့ စွန့်ပစ် ပစ္စည်းတွေကို စွန့်ထုတ်ပေးပြီး တစ်သျှူးနဲ့ ဆဲလ်တွေရဲ့ ဖွံ့ဖြိုးမှု၊ ပြုပြင်မှုနဲ့ ကောင်းမွန်အောင် ထိန်းသိမ်းမှုတွေမှာ အရေးပါပါတယ်။

- ကြက်မောက်သီးမှာ ကယ်လ်စီယမ် အနည်းငယ် ပါဝင်ပြီး ဖော့စ်ဖရပ်စ်နဲ့ ကယ်လ်စီယမ်ဟာ သွားနဲ့ အရိုးတွေ အားပြည့်ခိုင်ခံ့စေဖို့ အတူတွဲပြီး အလုပ်လုပ်ပါတယ်။ ကြက်မောက်သီးမှာ အာဟာရဆိုင်ရာ အကျိုးကျေးဇူးတွေအပြင် ဆေးကုသမှုဆိုင်ရာ ကောင်းကျိုးတွေလည်း ရှိပါတယ်။

- ကြက်မောက်သီးကို စားပေးရင် အူလမ်းကြောင်းရှိ ကပ်ပါးကောင်တွေကို  သေစေတာကြောင့် ဝမ်းလျှောတဲ့ ဝေဒနာကို သက်သာစေပါတယ်။ မလေးရှားမှာ ရိုးရာ အနာကျက်ဆေးအဖြစ် ကြက်မောက်သီးကို သုံးလေ့ရှိကာ ဖျားနာနေသူတွေကို ကျွေးလေ့ရှိပါတယ်။ သင့်အနေနဲ့ နာမကျန်းဖြစ်နေပါက ကြက်မောက်သီး မစားခင်မှာ ဆရာဝန်နဲ့ အရင် တိုင်ပင်ဆွေးနွေးဖို့ လိုပါတယ်။

ကြယ်စင်
Ref: Good Health
Source: http://news.yatanarpon.com.mm/news/news-58599

ခေါင်းကိုက်ဝေဒနာ ဖြစ်စေရန် လှုံ့ဆော်နိုင်သော အရာများ

သင် ခေါင်းကိုက်တာက အိပ်ရေးမဝတာကြောင့်လား၊ ဒါမှမဟုတ် အစားမှားတာကြောင့်လား၊ ဒါမှမဟုတ် ဘာကြောင့် ခေါင်းကိုက်ရသလဲ ဆိုတာကို သိရှိနိုင်အောင် ဖော်ပြ ပေးလိုက်ပါတယ်။

၁။ ခန္ဓာကိုယ်အလေးချိန်

မကြာခင်က လေ့လာမှုတွေအရ အသင့်အတင့် ဝသူတွေ (BMI 30 ခန့်) ဟာ BMI နည်းသူတွေထက် ခေါင်းကိုက်နိုင်ခြေ ၃၅ ရာခိုင်နှုန်း ပိုများကြောင်း သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ အဝလွန်သူတွေ (BMI 40) မှာမူ ခေါင်းကိုက်နိုင်ခြေ ၈၀ ရာခိုင်နှုန်းထိ မြင့်တက်နိုင်ပါတယ်လို့ ဆိုပါတယ်။

၂။ ကိုယ်ရည်ကိုယ်သွေး

သီးသန့်နေတတ်တာ၊ အစွဲအလမ်းကြီးတာ ဒါမှမဟုတ် စည်းကမ်းတင်းကျပ်စွာ နေတတ်တာလိုမျိုး အပါအဝင် ထူးခြားတဲ့ သွင်ပြင်လက္ခဏာ ရှိသူတွေဟာ ခေါင်းကိုက်တာ ပိုမို ဖြစ်ပွားတတ်ပါတယ်။  ဒီလိုလူမျိုးတွေဟာ စိတ်ဖြေလျှော့မှု လေ့ကျင့်ခန်းတွေ ပြုလုပ်ဖို့ လိုပါတယ်။

၃။ ရုံးပိတ်ရက်

စနေ၊ တနင်္ဂနွေလိုမျိုး ရုံးပိတ်ရက်တွေမှာ သင်နေ့စဉ် လုပ်နေကျ အချိန်ဇယားအတိုင်း မလုပ်တတ်ပါဘူး။ ဥပမာအားဖြင့် အိပ်ရာမှ စောစော မထတော့ဘဲ နေ့ခင်းပိုင်းထိ အိပ်နေတတ်တာကြောင့် ခေါင်းကိုက်တတ်ပါတယ်။ ရုံးပိတ်ရက်တွေမှာ သင်အိပ်ချိန်ကို ပုံမှန်အတိုင်း ဖြစ်ပါစေ။

၎။ အိမ်သုတ်ဆေး

အရောင်အသွေးမျိုးစုံ သုတ်ထားတဲ့ အိမ်သုတ် ဆေးတွေကြောင့် ခေါင်းကိုက်နိုင်ရုံမက အိမ်သုတ်ဆေးမှ ရရှိတဲ့ အနံ့တွေကြောင့်လည်း ခေါင်းကိုက်တတ်ပါတယ်။

၅။ ရေဓာတ်လျော့နည်းခြင်း

ရေဓာတ်အနည်းငယ် လျော့နည်းရင်လည်း ခေါင်းကိုက်တတ်ပါတယ်။ ရေဓာတ် လုံလုံလောက်လောက် ရရှိအောင် ရေဆာတိုင်း ရေသောက်ပေးပါ။

၆။ အဆာခံခြင်း

အလုပ်များလွန်းတာကြောင့် ဆာလောင်နေတာကို အစာမစားဘဲ အောင့်ထားရင် ခေါင်းကိုက်တတ်ပါတယ်။

၇။ ကော်ဖီအသောက်များခြင်း

ကော်ဖီ အနည်းငယ် သောက်တာဟာ ခေါင်းကိုက်တာကို သက်သာစေပေမယ့် ကော်ဖီအသောက် များလွန်းရင် ခေါင်းကိုက်တတ်ပါတယ်။

၈။ လှုပ်ရှားမှု မရှိခြင်း

ဆွီဒင်မှ မကြာခင်က ပြုလုပ်တဲ့ လေ့လာမှုအရ လှုပ်ရှားမှု မရှိသူတွေဟာ ခေါင်းကိုက်ဝေဒနာ ပိုမိုခံစားကြရတယ်လို့ သိရပါတယ်။ တစ်နေ့ကို မိနစ် ၂၀ မှ မိနစ် ၃၀ ထိနဲ့ တစ်ပတ်ငါးရက် လေ့ကျင့်ခန်း လုပ်ပေးပါ။ စိတ်ဖိစီးမှု လျော့သွားပြီး ဦးနှောက်တွင်း သွေးလှည့်ပတ်မှုတွေ ကောင်းမွန်ကာ စိတ်ခံစားမှု ကောင်းစေတဲ့ အင်ဒိုဖင် ဟော်မုန်းတွေလည်း ထွက်လာနိုင်ပါတယ်။

 ၉။ အိပ်ရေးမဝခြင်း

လေ့လာမှုအရ တစ်ညကို ပျမ်းမျှခြောက်နာရီ အိပ်သူတွေဟာ ဒါ့ထက်ပိုမိုပြီး အိပ်သူတွေထက် ပိုပြီး မကြာခဏ ခေါင်းကိုက်တတ်တယ်လို့ သိရပါတယ်။

၁၀။   လိင်ဆက်ဆံခြင်း

လေ့လာမှုကြီး တစ်ခုအရ ခေါင်းကိုက်ဝေဒနာ ရှိသူတွေရဲ့ ၄၆ ရာခိုင်နှုန်းဟာ လိင်ဆက်ဆံမှုကြောင့် ခေါင်းကိုက်တာကို လှုံ့ဆော်တယ်လို့ ပြောကြပါတယ်။ ဒီလိုမျိုး ခေါင်းကိုက်တတ်သူတွေဟာ များသောအားဖြင့် အန္တရာယ် မရှိတတ်ပေမယ့် တချို့ လူနာတွေမှာမူ ကင်ဆာ ဒါမှမဟုတ် Aneurysm ကြောင့်လည်း ဖြစ်တတ်ပါတယ်။

၁၁။ အစားအသောက်တချို့

အစားအသောက်တွေဟာ တချို့လူတွေကို ခေါင်းကိုက်တာဖြစ်အောင် လှုံ့ဆော်နိုင်ပေမယ့်  တချို့အစားအသောက် အထူးသဖြင့် မဂ္ဂနီဆီယမ် ပေါကြွယ်ဝတဲ့ အစာဟာ ခေါင်းမကိုက်အောင် ကာကွယ်နိုင်တယ်လို့ သိရပါတယ်။

စားနိုင်သော အစာများ - ဟင်းနုနယ်၊ တို့ဟူး၊ အုတ်စပါး၊ ဘာလီ၊ ငါးအဆီ၊ သံလွင်ဆီ၊ နေကြာစေ့နဲ့ ဖရုံစေ့။

ရှောင်သ့င်သော အစာများ - ဝိုင်အနီ၊ ဘီယာ၊ အချိုမှုန့်၊ ချောကလက်၊ ချဉ်ဖတ်၊ ချိစ်၊ ပြုပြင်ထားသော အသားများ (ဥပမာ - ဝက်ပေါင်ခြောက်၊ ကြက်အူချောင်း၊ ဝက်အူချောင်း)။

ဒေါက်တာခင်မိုးမိုး
Ref: Good Health
Source: http://news.yatanarpon.com.mm/news/article-58674

နှလုံးကျန်းမာရေး ကောင်းမွန်စေမည့် အလေ့အထ ၁၁ မျိုး

လေ့လာမှုတွေအရ နှလုံးကို ကျန်းမာ ဖွံ့ဖြိုးစေမယ့် အကြောင်း အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အနီရောင် စားပါ

စတော်ဘယ်ရီ၊ ရက်စ်ဘယ်ရီ၊ ဖရဲသီး၊ ခရင်မ်ဘယ်ရီ၊ သလဲသီး၊ ခရမ်းချဉ်သီး၊ အနီရောင် ငရုတ်ကောင်းမှုန့်၊ ဝိုင်အနီရောင်နဲ့ စပျစ်သီး အနီရောင်လို အသီးတွေမှာ လိုင်ကိုပင်း (Lycopene) တွေ ပါဝင်ပြီး သစ်သီးအရောင်ကို ရင့်စေတဲ့ ကရိုတီနွိုက်ဓာတ်တွေ ပါဝင်ပါတယ်။ ဒီအစားအစာတွေထဲမှာ စွမ်းအင်ပြည့် အင်တီအောက်ဆီးဒင့်တွေ ပါဝင်ပြီး ဆဲလ်တွေ ပျက်စီးမှုကို ကာကွယ်ပေးနိုင်ကာ နှလုံးကျန်းမာရေးကိုလည်း တိုးတက် ကောင်းမွန်စေပါတယ်။ အင်တီအောက်ဆီးဒင့် အပြင် ဗီတာမင်စီပါ ထပ်ဆောင်း ပါဝင်တာကြောင့် နှလုံးရောဂါသည်တွေ အတွက် အကောင်းဆုံး အာဟာရပါလို့ လေ့လာသူတွေက ဆိုပါတယ်။

၂။ ဟင်းခတ်အမွှေးအကြိုင် သုံးပါ

ဟင်းကို ပိုပြီး အရသာတိုးစေတဲ့ အပြင် ဟင်းခတ် အမွှေးအကြိုင်တွေဟာ တခြားရောဂါတွေကို တိုက်ထုတ်ပေးနိုင်တဲ့ အာနိသင် ရှိပါတယ်။ ကမ္ဘာပေါ်မှာ ရိုးရာဓလေ့ ထုံးတမ်းအရ အသုံးပြုတတ်တဲ့ ဟင်းခတ် အမွှေးအကြိုင်တွေ များစွာ ရှိကြပါတယ်။ သစ်ကြံပိုးခေါက်၊ ဇာတိပ္ဖိုလ်သီး၊ ပင်စိမ်းပင်၊ ငရုတ်ကောင်းစတဲ့ ဟင်းခတ် အမွှေးအကြိုင်တွေ မှီဝဲပါ။

၃။ ပိုကောင်းတာကို ရှာပါ

အနီရောင်ဝိုင်နဲ့ အနက်ရောင် ချောကလက် နှစ်မျိုးစလုံးဟာ နှလုံးသွေးကြော ပျက်စီးတာကို ကာကွယ်နိုင်တဲ့ အကျိုးကျေးဇူးတွေ ရှိပါတယ်။ ဒါပေမဲ့ ဘာနဲ့မှ ရောမထားတဲ့ အနက်ရောင် ချောကလက်ဖြစ်ဖို့ လိုပါတယ်။ တစ်နေ့ဝိုင်တစ်ခွက်နဲ့ ချောကလက် တစ်လက်မခွဲ ပတ်လည်လောက် စားပေးပါ။

၎။ လက်ဖက်ရည် သောက်ပါ

Black Tea ဟာ သင့်နှလုံးအတွက် အရမ်းကို ကောင်းမွန်စေတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ နေ့စဉ်ပုံမှန် Black Tea တစ်ခွက် သောက်ရင် နှလုံးရောဂါနဲ့ ရုတ်တရက် နှလုံးဖောက်ပြန်မှုတွေကို လျှော့ချပေးနိုင်တာကြောင့် နေ့လည်နေ့ခင်းမှာ Black Tea  တစ်ခွက်လောက် သောက်ပါ။

၅။ ကခုန်ပါ

ကခုန်တာကြောင့် နှလုံးသွေး လည်ပတ်မှုကို ကောင်းစေတဲ့ အပြင် ဖိစီးမှုတွေကိုပါ လျှော့ချပေးနိုင်ပါတယ်။ ခန္ဓာကိုယ် အလေးချိန် ထိန်းဖို့နဲ့ စိတ်ကို လန်းဆန်းစေဖို့ အကောင်းဆုံးနည်းဟာ ကခုန်တဲ့ လေ့ကျင့်ခန်းပါပဲ။

၆။ အိမ်ထဲမှာ ဖြစ်ပါစေ လမ်းလျှောက်ပါ

အမေရိကန်မှာ လူဦးရေ ၅၅ ရာခိုင်နှုန်းလောက်ဟာ အိမ်ထဲမှာ အမြဲတမ်း ထိုင်နေတာကြောင့် နှလုံးရောဂါနဲ့ တခြား သွေးကြောဆိုင်ရာ ရောဂါတွေ ပိုပြီးဖြစ်တတ်ကြပါတယ်။ ဒါကြောင့် ထိုင်နေမယ့်အစား အိမ်ထဲမှာလည်း လမ်းလျှောက်ပေးပါ။ အိမ်မှာ လက်ကိုင်ဖုန်း အစား ကြိုးဖုန်းကို သုံးပါ။ တီဗီရီမုဒ်အစား တီဗီကို သွားပြီးဖွင့်ရတဲ့ ခလုတ်ကိုသုံးပါ။

၇။ ပုံမှန်စစ်ဆေးပါ

နှလုံးကျန်းမာနေစေဖို့ လစဉ်ပုံမှန် ကျန်းမာရေး စစ်ဆေးပေးဖို့လည်း လိုပါတယ်။ တချို့ လေ့ကျင့်ခန်းတွေဟာ နှလုံးရောဂါသမားတွေ အတွက် မပြုလုပ်သင့်တာတွေ ရှိတယ်ဆိုတာလည်း သိထားဖို့ လိုပါတယ်။ ပုံမှန်စစ်ဆေးမှု အနေနဲ့ သွေးပေါင်ပုံမှန် ချိန်တာမျိုး၊ သွေးတွင်း ကိုလက်စထရော စစ်တာမျိုး၊ နှလုံးရောဂါမျိုးရိုး ရာဇဝင် ရှိ၊ မရှိ စတာတွေကို ပုံမှန်စစ်ဆေးဖို့ လိုပါတယ်။

၈။ ဂရုတစိုက်ရှိပါ

သင်ဟာ နှလုံးရောဂါ ဝေဒနာရှင် ဆိုရင် သင့်အတွက် ရောဂါအကြောင်းကို ပြောဆိုဆွေးနွေး တိုင်ပင်ဖို့ ဆရာဝန်တစ်ဦး လိုအပ်ပါတယ်။ သွေးဖိအား၊ သွေးတွင်းသကြားဓာတ်၊ ကိုလက်စထရော၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၊ ခန္ဓာကိုယ် အလေးချိန်နဲ့ ဆေးဝါးတွေကို အမြဲတမ်း စမ်းသပ် စစ်ဆေးပေးနေဖို့ လိုပါတယ်။

၉။ လုံလောက်စွာ အနားယူပါ

ငါးနှစ်ကြာ လေ့လာမှုအရ ပုံမှန်အိပ်ချိန် ခြောက်နာရီခွဲနဲ့ ခုနစ်နာရီခွဲကြား ရှိတတ်သူတွေဟာ နှလုံးရောဂါ အန္တရာယ်ကို လျော့နည်း စေနိုင်ပါတယ်။ ဒါကြောင့် ညဘက်နှစ်ခြိုက်စွာ အိပ်ပျော်ပြီး လုံလောက်တဲ့ အိပ်စက်မှုနဲ့အတူ နိုးထလာဖို့ လိုအပ်ပါတယ်။

၁၀။ ပျော်ပျော်နေပါ

နှလုံးရောဂါသည်တွေ အနေနဲ့ အပြုသဘောဆောင်တဲ့ အတွေးအခေါ်နဲ့အတူ ပျော်ပျော်နေတတ်ဖို့ လိုပါတယ်။ မိသားစု၊ လုပ်ငန်းခွင်၊ လူမှုရေးရာတွေရဲ့ ဖိစီးမှုတွေကို ကျော်လွှားနိုင်ဖို့ စိတ်ညစ်စရာတွေကို မတွေးဘဲ ပျော်ပျော်နေပါ။

၁၁။ ချစ်သူနဲ့ ချိန်းတွေ့ပါ

သင့်ကို ချစ်ခင်တဲ့သူတွေ၊ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ မကြာခဏတွေ့ဆုံပြီး ခံစားချက်တွေကို ရင်ဖွင့်ပြောဆိုပါ။ နှလုံးရောဂါ ရှိသူတွေ အနေနဲ့ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်မှုကလည်း သင့်ကျန်းမာရေးအတွက် အကျိုးရှိစေပါတယ်။ ချစ်ခင်သူတွေနဲ့ အတူ သဘာဝ လေကောင်းလေသန့်ကို ရှူရင်း လမ်းလျှောက်ထွက်ပါ။                  

သဲသဲ
Ref: Good Health
Source: http://news.yatanarpon.com.mm/cp/goodhealth/article-51692

ဦးနှောက်နှင့် စိတ်ကျန်းမာရေး အထူးကုဆရာဝန်၏ ဆေးလောက အတွေ့အကြုံ

အမေကို မှီခိုလွန်းသူ

ဆရာ့ဆေးခန်းကို အသက် ၃၂ နှစ်ရှိပြီ ဖြစ်တဲ့ ကိုမြတ်မော် ရောက်လာပါတယ်။  ဆရာ့ကို တွေ့ဆုံရတဲ့ အကြောင်းရင်းကို မေးကြည့်တော့ ကိုမြတ်မော်က သူ့ရဲ့ ရည်းစားကောင်မလေးနဲ့ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က လမ်းခွဲခဲ့ကြတယ်လို့ ပြောပြပါတယ်။ အဲဒီအချိန်ကစပြီးတော့ သူစိတ်ဓာတ်တွေ အကြီးအကျယ် ကျနေခဲ့တယ်လို့ သူက ပြောပြပါတယ်။ သူက ကောင်မလေးကို အရမ်းချစ်ရက်နဲ့ လမ်းခွဲခဲ့ရတယ်လို့ ရှင်းပြပါတယ်။ “ဘာကြောင့် လမ်းခွဲခဲ့ရတာလဲ” လို့ ဆရာက မေးကြည့်တော့- “အမေက သဘောမတူလို့ပါ ဆရာ..အမေက ကျွန်တော်ကြိုက်နေတဲ့ ကောင်မလေးနဲ့ လက်ထပ်မှာကို ခါးခါးသီးသီး ငြင်းခဲ့လို့ပါ။ အမေမရှိဘဲနဲ့လည်း ကျွန်တော်က နေလို့မဖြစ်ပါဘူး။ ကျွန်တော် ဒီအသက် ဒီအရွယ်အထိ ရောက်လာအောင် အမေကပဲ စောင့်ရှောက်ခဲ့တာပါ။ ဒါကြောင့် ကျွန်တော်က အမေမရှိဘဲနဲ့တော့ လုံးဝမနေနိုင်ပါဘူး” လို့ ကိုမြတ်မော်က ရှင်းပြပါတယ်။

ကိုမြတ်မော်က တစ်သက်လုံး အိမ်မှာပဲ သူ့အမေနဲ့ နေခဲ့ပါတယ်။ တက္ကသိုလ်တက်တဲ့ အချိန်လေးပဲ သူ့အိမ်ကနေခွဲဖူးပါတယ်၊ တက္ကသိုလ်တက်ပြီးတာနဲ့ ချက်ချင်း အိမ်ကိုပြန်လာတာပါ။ ကျောင်းပိတ်တဲ့အခါတိုင်း သူငယ်ချင်းတွေစုပြီး ခရီးတွေထွက်ကြတယ်၊ ကမ်းခြေတွေသွားကြတယ်၊ ဘုရားတွေ သွားဖူးကြတယ်။ ဒီခရီးတွေအားလုံး သူမလိုက်ဖြစ်ခဲ့ပါဘူး။ သူ့သူငယ်ချင်းတွေက ဘယ်လိုပဲ စရိတ်ခံပြီးခေါ်ခေါ် ကိုမြတ်မော်က သူ့အမေဆီကိုပဲ ပြန်လာလေ့ရှိပြီး ဘယ်ခရီးကိုမှ မသွားခဲ့ပါဘူး။ သူ့အိမ်ကိုလွမ်းလို့ ဆိုပြီး အမြဲတမ်းပဲ ပြန်ခဲ့ပါတယ်။ ဒါကြောင့် အမေကိုလည်း မခွဲနိုင်လို့ အမေသဘောမတူတဲ့ ကောင်မလေးနဲ့ လမ်းခွဲခဲ့ရတာပါလို့ ကိုမြတ်မော်က ရှင်းပြပါတယ်။ “အခုလို ကောင်မလေးနဲ့ လမ်းခွဲပြီးတဲ့အချိန်က စပြီး စိတ်ဓာတ်တွေကျနေပါတယ်၊ စိတ်လည်း ညစ်နေပါတယ် ဆရာ .. ဒါပေမဲ့ အစားအသောက်တော့ မပျက်ခဲ့ပါဘူး။ အာရုံစူးစိုက်နိုင်စွမ်းလည်း ရှိပါတယ်။ အားအင်ကုန်ခန်းတာမျိုးလည်း မဖြစ်ပါဘူး။ အလုပ်ကိုလည်း ကောင်းကောင်းမွန်မွန် လုပ်နိုင်ပါတယ်ဆရာ။ ပြီးတော့ အလုပ်နဲ့ ပတ်သတ်တဲ့ ပြဿနာမျိုးတွေလည်း မရှိပါဘူး” လို့ ရှင်းပြပါတယ်။

ဆရာလည်း သူ့အလုပ်အကိုင်ကို မေးကြည့်တော့ စာရင်းစစ် အလုပ်လုပ်တာကို သိရပါတယ်။ အဲဒီအလုပ်ကို လုပ်တာ နှစ်နဲ့ချီပြီး ကြာခဲ့ပါပြီ။ ဒါပေမဲ့ အလုပ်နဲ့ ပတ်သက်ပြီး  ဆုံးဖြတ်ချက်ချရတဲ့ အပိုင်းတွေမှာ ထိထိရောက်ရောက် မလုပ်နိုင်တာကို သိခဲ့ရသလို အုပ်ချုပ်မှုအပိုင်းတွေကိုလည်း သူမလုပ်နိုင်တဲ့အတွက် လူကြီးတွေက ကိုမြတ်မော်ကို ရာထူးတိုးပေးဖို့ လုပ်ပေမယ့်လည်း လွဲချော်နေကြောင်း သိရပါတယ်။ ဒီလူနာမှာ  ဘာရောဂါဝေဒနာ ရှိနေသလဲဆိုတာကို စနစ်တကျ မေးမြန်းဆန်းစစ် ကောက်ချက်ချ လိုက်တဲ့အခါမှာ Dependent Personality Disorder ဆိုတဲ့ မှီခိုလွန်းတဲ့ ကိုယ်ရည်ကိုယ်သွေး ရှိနေတဲ့ ဝေဒနာသည် ဖြစ်နေတာကို တွေ့ရပါတယ်။ ဒီလိုလူမျိုးကို ကုသမယ်ဆိုရင် အကောင်းဆုံးကတော့ Insight Oriented Psychodynamic Psychotherapy ကုထုံးတွေ ပေးရပါတယ်။ သိမှုအပြုအမူကုထုံး (Cognitive Behaviour Therapy) လည်း ပေးလို့ရပါတယ်။ လေ့ကျင့်ခန်းတွေ ပေးပြီးတော့လည်း ကုသလို့ရပါတယ်။ Family Therapy လို့ခေါ်တဲ့ မိသားစုနဲ့ တွေ့ဆုံ မေးမြန်းပြီးပေးရတဲ့ ကုထုံးတွေလည်း ပေးလို့ရပါတယ်။ Group Therapy ဆိုတဲ့ အုပ်စုလိုက်ပေးရတဲ့ ကုထုံးတွေလည်း ပေးလို့ရပါတယ်။

တကယ်လို့ စိုးရိမ်စိတ်တွေ ပေါ်လာတယ် .. စိတ်ကျလာတယ်ဆိုရင်တော့ အဲဒါနဲ့ပတ်သက်ပြီး ကုသတဲ့ ဆေးဝါးတွေ ပေးရပါတယ်။ SSRI ဆေးဝါးတွေကိုတော့ အဖြည့်သဘောမျိုးပဲ ပေးပြီး စိတ်ကုထုံး (Psychotherapy) ကို အဓိကထားပြီး ကုသပေးခဲ့ပါတယ်။

မှီခိုလိုစိတ်များတဲ့ ကိုယ်ရည်ကိုယ်သွေး ရှိတဲ့သူတွေဟာ သူများတွေကို အရမ်းမှီခိုပါတယ်၊ သူများတွေကို အရမ်း အားကိုးတတ်ပါတယ်၊ အားကိုးရမယ့် သူမရှိတဲ့အခါမှာ နေမထိထိုင်မသာတွေ ဖြစ်နေတတ်ပါတယ်။ သူ့တို့ဘာသာ သူတို့ စဉ်းစားဆုံးဖြတ်ပြီး မလုပ်ဆောင်တတ်တော့ပါဘူး။ သူတို့က ကိုယ်ရည်ကိုယ်သွေးနဲ့ ဆက်စပ်နေတဲ့ ရောဂါရှိတာကြောင့် ကုသရတာ ခက်ပါတယ်။ သူတို့ကို စိတ်နဲ့ လူမှုရေးဆိုင်ရာ ကုထုံးတွေကို အဓိကထား ကုသပေးရပါတယ်။ မိသားစုတွေနဲ့ ဆွေမျိုး အသိုင်းအဝန်းက ပံ့ပိုးပေးဖို့လိုသလို စိတ်ကုထုံး (Psychotherapy) တွေလည်း ပေးဖို့ လိုပါတယ်။ တချို့လူနာတွေမှာ သူတို့ကိုယ်တိုင်က လိုလိုလားလား ရှိတယ်ဆိုရင်တော့ ကုသမှုကို အချိန်ယူပြီးတော့ စိတ်ကုထုံး (Psychotherapy) ပေးပြီး ကုသပါတယ်။

ကိုမြတ်မော် ခံစားနေရတဲ့ စိတ်ဓာတ်ကျတဲ့ ဝေဒနာတွေ၊ စိုးရိမ်စိတ်တွေကို ကုသပြီးတဲ့ အခါမှာတော့ သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးအပေါ် ယုံကြည်မှုမရှိတဲ့စိတ်ကို ပျောက်ကင်းအောင်တော့ ဆရာရဲ့ ဆရာဖြစ်တဲ့ ဆရာကြီး ဦးအုန်းလှိုင်ဆီကိုပဲ ညွှန်းပို့ပေးပြီး ဆရာက သိမှုအပြုအမှုကုထုံး (Cognitive Behaviour Therapy) နဲ့ ကုသပေးခဲ့ပါတယ်။ ဒီလိုကုသရင်း ဆေးဝါးကုသမှုလည်းပေးကာ စိတ်ကုထုံး (Psychotherapy) နဲ့ လေ့ကျင့်ခန်းတွေပါ တွဲဖက် ကုသမှုပေးလိုက်တဲ့ အခါမှာတော့ ကိုမြတ်မော်ရဲ့ မှီခိုမှုလွန်ကဲတဲ့ ကိုယ်ရည်ကိုယ်သွေးက လျော့ပါး သက်သာသွားတာကို တွေ့ရပါတယ်။

အားလုံး ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
ပါမောက္ခ ဒေါက်တာဉာဏ်ဝင်းကျော် (ဦးနှောက်နှင့် စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီး) ပြောကြားသည်။
Ref: Good Health
Source:http://news.yatanarpon.com.mm/news/news-59200

အမျိုးသမီးများ စားသင့်သောအစားအစာများ

အနက်ရောင် ဘယ်ရီသီး

အင်ဒီအောက်ဆီးဒင့်တွေ ကြွယ်ဝစွာ ပါဝင်ပြီး Phenolic Acids ဓာတ်တွေပါဝင်ပါတယ်။  အရသာရှိတဲ့ ဖျော်ရည်အဖြစ် သောက်သုံးနိုင်ပြီး ကင်ဆာနဲ့ နှလုံးရောဂါတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ အမျှင်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေနိုင်ပါတယ်။ ကယ်လိုရီလည်း လောင်ကျွမ်းစေနိုင်ပါတယ်။


ကန်စွန်းရွက်

ရင်သားကင်ဆာကို တိုက်ထုတ်နိုင်တဲ့ အရွက်တစ်မျိုးဖြစ်တယ်လို့ British အာဟာရဆိုင်ရာ ပညာရှင်တွေကဆိုပါတယ်။ ကန်စွန်းရွက်မှာ ဗီတာမင်စီ၊ ဘီဝမ်း၊ ဘီစစ်၊ ဗီတာမင်ကေနဲ့ အီး၊ သံဓာတ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဇင့်ဓာတ်နဲ့ ပိုတက်စီယမ်တွေပါဝင်ပြီး ပန်းသီး အစိမ်းရောင်၊ ပန်းဂေါ်ဖီစိမ်းနဲ့ ခရမ်းချဉ်သီးတွေလည်း စားသုံးပေးနိုင်ပါတယ်။

မုန်လာဥနီ

အင်ဒီအောက်ဆီးဒင့်တွေ ကြွယ်ဝပြီး အာဟာရပြည့်ဝတဲ့ အရောင်ရင့် အစားအစာတစ်မျိုးဖြစ်ကာ မျက်စိကျန်းမာရေးကို ကောင်းစေပြီး နှလုံးကို ကျန်းမာစေပါတယ်။ သက်ကြီးအတိတ်မေ့ရောဂါနဲ့ မှတ်ဉာဏ်ပျက်စီးမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

အနီရောင် ဂရိတ်ဖရုသီး

ကင်ဆာနဲ့ နှလုံးရောဂါကို ကာကွယ်နိုင်ပြီး ကယ်လိုရီကို လောင်ကျွမ်းစေကာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်ပါတယ်။ အရေပြားကို ကျန်းမာလှပစေတဲ့ ဂရိတ်ဖရုသီးအနီရောင်က ဖျော်ရည်အဖြစ် နေ့စဉ်သောက်ပေးသင့်ပါတယ်။

ဗာဒံစေ့

ပရိုတင်းဓာတ်၊ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အဆီ၊ ဗီတာမင်အီး၊ အမျှင်ဓာတ်နဲ့ တခြားဗီတာမင်နဲ့ သတ္တုဓာတ်တွေပါဝင်ပါတယ်။ ခန္ဓာကိုယ် အလေးချိန်ကျစေဖို့ ကူညီပေးပြီး ကြွက်သားတည်ဆောက်မှုကို ကောင်းမွန်စေကာ ကင်ဆာရောဂါနဲ့ ဆီးချို သွေးချိုကို သက်သာစေနိုင်ပါတယ်။

ဒိန်ချဉ်

ပရိုတင်း၊ ကယ်လ်စီယမ်၊ ပိုတကဆီယမ်၊ ဗီတာမင် B12 နဲ့ အကျိုးပြု ဘက်တီးရီးယားတွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဝမ်းဗိုက်ချပ်ရပ်စေကာ ခန္ဓာကိုယ် သွယ်လျစေပါတယ်။ အဆီထုတ်ပြီးသားနဲ့ အချိုလျှော့ထားတဲ့ဒိန်ချဉ်ကို လတ်ဆတ်တဲ့ အသီးတွေနဲ့ရောပြီး တစ်နေ့ကို တစ်ခွက်လောက် သောက်ပေးပါ။


ဆယ်လ်မွန်ငါး

နှလုံးရောဂါနဲ့ သက်ကြီး အတိတ်မေ့ရောဂါ၊ ကင်ဆာ၊ အရိုးအဆစ်နာကျင်မှုနဲ့ စိတ်ကျရောဂါတွေကို ကုစားနိုင်တဲ့ သဘာဝဖက်တီး အက်စစ်တွေ ပါဝင်ပါတယ်။ အမေရိကန် နှလုံးရောဂါဌာနရဲ့ လေ့လာမှုတွေအရ တစ်ပတ်ကို ငါးတစ်ကြိမ် ပါဝင်အောင်စားတဲ့ အမျိုးသမီးတွေမှာ နှလုံးရောဂါဖြစ်နှုန်းကို လျော့ကျစေတယ်လို့ ဆိုပါတယ်။

ပဲနီလေး

အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး အသားဓာတ်နဲ့ တခြားသံဓာတ်တွေ၊ ဗီတာမင်ဓာတ်တွေ ပါဝင်ပါတယ်။ သွေးသကြားဓာတ်ကို တိုးတက်စေပြီး ခန္ဓာကိုယ်အလေးချိန်ကိုလည်း ထိန်းချုပ်နိုင်ပါတယ်။

သံလွင်ဆီ

ဗီတာမင်အီး ကြွယ်ဝပြီး နှလုံးကျန်းမာစေတဲ့ အဆီအဖြစ် လူသိများပါတယ်။ သံလွင်ဆီဟာ လေ့လာမှုတွေအရ အမျိုးအစား ၂ ဆီးချိုရောဂါကို တိုက်ထုတ်နိုင်ခြင်း၊ ရင်သားကင်ဆာကို လျော့ပါးစေခြင်း၊ သွေးတိုးတာကို သက်သာစေခြင်း၊ ဦးနှောက်ကျန်းမာစေခြင်း၊ အဆုတ်ရဲ့ လုပ်ဆောင်ချက်ကို ကောင်းမွန်စေခြင်း၊ ရောင်ရမ်းမှုကို လျော့ကျစေခြင်း၊ ခန္ဓာကိုယ်အလေးချိန် ကျစေခြင်းနဲ့ ဝမ်းဗိုက် ချပ်ရပ်စေခြင်းစတဲ့ အကျိုးတွေရှိပါတယ်။

သဲသဲ
Ref: Good Health
Source: http://news.yatanarpon.com.mm/cp/goodhealth/article-50815